မက်ဒရစ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) စပိန် လာလီဂါ ဘောလုံးအသင်း တစ်သင်းဖြစ်သည့် ဘာစီလိုနာ ဘောလုံးအသင်း က မေ ၃၁ ရက်၌ မန်းစီးတီးကစားသမား အာဂျင်တီးနား ရှေ့တန်းတိုက်စစ်မှူး ဆာဂျီယိုအာဂွီရို (Sergio Agüero) အား ခေါ်ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရောမ၊ဇွန် ၁ ရက်(ဆင်ဟွာ) အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူးသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးအားကစားသမားဆု(MVP)အတွက် အမည်စာရင်းတင်သွင်းခံရကြောင်း အီတလီထိပ်တန်းဘောလုံးပြိုင်ပွဲစီးရီးအေက မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် မေ ၃၁ ရက် ညနေပိုင်းက မိုးရွာသွန်းခြင်းနှင့် ဆက်စပ်သော ဖြစ်ရပ်များအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဟူစတန်၊ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ Oklahoma ပြည်နယ် Tulsa မြို့ မြို့တော်ဝန်က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်တွင် ဖြစ်ပွားခဲ့သော လူမည်း ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရခြင်းအတွက် မေ ၃၁ ရက်၌ ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အဆိုပါ အစုပြုံလိုက်သတ်ဖြတ်မှုတွင် မြို့တော်အစိုးရ၏အခန်းကဏ္ဍအတွက် တောင်းပန်စကား ဆိုခဲ့ကြောင်း...
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြီးခဲ့သော ငါးနှစ်တွင် အကောင်းဆုံး ဖြစ်ခဲ့ကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။