ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် မြို့တော် ကူမင်းအနီးသို့ အာရှတောဆင်ရိုင်းတစ်အုပ် မျက်စိလည်လမ်းမှားကာရောက်ရှိလာသည့်သတင်းမှာ တစ်ကမ္ဘာလုံးတွင် အာရုံစိုက်စရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ အာဏာပိုင်များကလည်း ဒေသခံများကို တောဆင်ရိုင်းများ၏ ဘေးလွတ်ရာသို့ပို့ဆောင်ပေးခဲ့ပြီး ဆင်အုပ် ရွှေ့ပြောင်းသွားလာမှုအား စောင့်ကြည့်ရန် လူထောင်ပေါင်းများစွာကို နေရာပြောင်းရွှေ့ပေးခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အမေရိကန်လွှတ်တော် ကက်ပီတိုအဆောက်အဦလုံခြုံရေးရဲအရာရှိတစ်ဦးအပါအဝင် လူ ၅ ဦးထိ သေဆုံးခဲ့ရသည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့သော လွှတ်တော်စီးနင်းခံရသည့် အဓိကရုဏ်းတွင် ထောက်လှမ်းရေး နှင့် ဆက်သွယ်ရေးစနစ်များ ပျက်ကွက်ခဲ့ကြောင်း အမေရိကန်ဆီးနိုတ်လွှတ်တော်က အင်္ဂါနေ့တွင် အစီရင်ခံစာသစ် တစ်စောင်ထုတ်ပြန်ခဲ့သည်။
ကွမ်ကျိုး၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အထက်တန်းကျောင်းသား ၂ ဦးမှာ COVID-19 ကူးစက်ခံထားရသောကြောင့်စမ်းသပ်တွေ့ရှိသဖြင့် ၎င်းတို့အား ဆေးရုံ ၌ စာမေးပွဲ ဖြေဆိုနိုင်ရန် စီစဉ်ပေးခဲ့ကြောင်းသိရသည်။ လတ်တလော တွင် ကပ်ရောဂါကူးစက်ခံရမှုများရှိနေသော်လည်း ကွမ်ကျိုး ၌ နှစ်စဉ် ကျင်းပလေ့ရှိသည့်...
နယူးဒေလီ၊ ဇွန် ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ်တွင် ဇွန် ၈ ရက်ညပိုင်းက ဘတ်စ်ကားနှင့်ကုန်ကား တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ (၁၇)ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ၉ ရက် သတင်းများအရ သိရသည်။
ဂျကာတာ၊ ဇွန် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံး မီးတောင်ရှင် Mount Merapi မှ အနောက်တောင်ဘက် မီတာ ၁,၆၀၀ ကျော်အထိ မီးခိုးပူများ သုံးကြိမ် မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာက ဇွန် ၉ ရက်၌ ပြောကြားခဲ့သည်။