Connect with us

Media

COVID-19 ကူးစက်ခံရသော အထက်တန်းကျောင်းသားနှစ်ဦး ဆေးရုံ၌ စာမေးပွဲ‌ဖြေဆို

ကွမ်ကျိုး၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အထက်တန်းကျောင်းသား ၂ ဦးမှာ COVID-19 ကူးစက်ခံထားရသောကြောင့်စမ်းသပ်တွေ့ရှိသဖြင့် ၎င်းတို့အား ဆေးရုံ ၌ စာမေးပွဲ ဖြေဆိုနိုင်ရန် စီစဉ်ပေးခဲ့ကြောင်းသိရသည်။

လတ်တလော တွင် ကပ်ရောဂါကူးစက်ခံရမှုများရှိနေသော်လည်း ကွမ်ကျိုး ၌ နှစ်စဉ် ကျင်းပလေ့ရှိသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဆက်လက် ကျင်းပလျက်ရှိသည်။

ကွမ်ကျိုးတွင် စာမေးပွဲဖြေဆိုမည့်ကျောင်းသား ၅၀,၀၀၀ နှင့် စာမေးပွဲနှင့်ဆက်စပ်နေသူ ၇,၀၀၀ ကို COVID-19 ရောဂါရှိမရှိ စစ်ဆေးမှု နှစ်ကြိမ်ကို တနင်္ဂနွေနေ့တွင်အပြီး ပြုလုပ်ခဲ့ပြီး စာမေးပွဲခန်းကြီးကြပ်မှုတွင်ပါဝင်သော တာဝန်ရှိသူများအားလုံးကို ကာကွယ်ဆေးများထိုးနှံပေးထားကြောင်း သိရသည်။
ကွမ်ကျိူး အမှတ် (၈) ဆေးရုံ၌ COVID-19 ကူးစက်ခံရသည့် အထက်တန်းကျောင်းသားနှစ်ဦးကို ကျောင်းသားများကုသဆောင်၌ သီးသန့်ထားရှိ၍ real-time အသံစနစ်နှင့် ရုပ်သံမှတ်တမ်းတင်စနစ် HD ကင်မရာများတပ်ဆင်ထားသည့် သီးသန့်အခန်းများတွင် စာမေးပွဲဖြေဆိုစေခဲ့ကြောင်း သိရသည်။

စာမေးပွဲ အခန်းစောင့်များကိုလည်း သတ်မှတ်ထားသည့် နေရာမှတစ်ဆင့်စောင့်ကြည့်စစ်ဆေးနိုင်အောင်စီစဉ်ထားသည်။ဖြေဆိုသည့် ကျောင်းသားနှစ်ဦး၏ မေးခွန်းစာရွက်များနှင့် အဖြေစာရွက်များ အားလုံး ပိုးသတ်ထားသည်ဟုသိရသည်။

စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားနှစ်ဦးစလုံးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး အပူချိန်မှာလည်း ပုံမှန်အတိုင်းသာရှိကြောင်း ဆေးရုံမှ တာဝန်ရှိသူကဆိုသည်။

တရုတ်တစ်နိုင်ငံလုံး၌ နှစ်စဉ် ကျင်းပသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲ Gaokao ကို ယခုနှစ်တွင်ဝင်ရောက်ဖြေဆိုသူ ၁၀.၇၈ သန်းအထိ ရှိခဲ့ကြောင်းသိရသည်။ (Xinhua)
…………………………………
GLOBALink | Chinese students positive with COVID-19 take college entrance exam in hospital

GUANGZHOU, June 8 (Xinhua) — Two senior high school students who tested positive for COVID-19 in Guangzhou, China are taking their college entrance exam in a special way.

The annual test is being conducted under strict anti-epidemic measures in Guangzhou, where a new cluster of infections emerged recently.

More than 50,000 candidates and some 7,000 people related to the exam in Guangzhou had completed two rounds of nucleic acid testing as of Sunday, and all relevant staff members have been vaccinated.

The Guangzhou Eighth People’s Hospital, where two senior high school students tested positive for COVID-19, has set up special rooms in the isolation ward for the students and installed high-definition surveillance cameras for real-time audio and video recording.

The invigilators monitor the exam from a designated area.The two students’ exam papers and answer sheets had all been disinfected.

According to the hospital, the two examinees are in proper health condition and their temperatures are normal.
China’s annual college entrance exam, better known as the Gaokao, kicked off Monday morning with 10.78 million candidates signed up for the test.Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.