Connect with us

Media

အာဖရိကတိုက်တွင် ဆင်များနှင့် လူများ မည်သို့ သဟဇာတ ရှိစွာ နေထိုင်ကြသနည်း

ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မကြာ‌သေးမီက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် မြို့တော် ကူမင်းအနီးသို့ အာရှတောဆင်ရိုင်းတစ်အုပ် မျက်စိလည်လမ်းမှားကာရောက်ရှိလာသည့်သတင်းမှာ တစ်ကမ္ဘာလုံးတွင် အာရုံစိုက်စရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ အာဏာပိုင်များကလည်း ဒေသခံများကို တောဆင်ရိုင်းများ၏ ဘေးလွတ်ရာသို့ပို့ဆောင်ပေးခဲ့ပြီး ဆင်အုပ် ရွှေ့ပြောင်းသွားလာမှုအား စောင့်ကြည့်ရန် လူ‌ထောင်ပေါင်းများစွာကို နေရာပြောင်းရွှေ့ပေးခဲ့သည်။ ယခု video ထဲတွင် အာဖရိကတိုက်တွင် ဆင်များနှင့် လူများ သဟဇာတ ရှိစွာ မည်သို့နေထိုင်ကြပုံကို ကောက်နုတ်ဖော်ပြထားသည်။
၁။ ဆင်များမကြိုက်သည့်အရာများဖြင့် တားဆီးခြင်း။

ဆင်များသည် အနံ့ခံ အာရုံအလွန်ကောင်းသောကြောင့် စိုက်ခင်းများပတ်ဝန်းကျင်တွင် ငရုတ်ပင်များ စိုက်ထားကြသည်။ ထို့အပြင် ဆင်များထွက်ခွါသွားစေရန်ပျားအုံများလည်း မွေးမြူထားကြသည်။၂။ နည်းပညာမြင့်ပစ္စည်းများအသုံးပြုခြင်း။

ဆင်များကို ထောက်လှမ်းရန်နှင့် ကာကွယ်ရန် GIS နှင့် GPS စနစ်များအား အသုံးပြုကြသည်။ ဆင်များအတွက် ရေကန်များကို တည်ဆောက်ထားကြသည်။

သို့ရာတွင် ရံဖန်ရံခါတွင် ပဋိပက္ခများအား ရှောင်လွှဲရန်ခဲယဉ်းလှသည်။ ယနေ့ခေတ်တွင် လူအများသည် ဆင်များနှင့် မည်သို့ဆက်ဆံရမည်ကို ကောင်းစွာ နားလည်နေပြီဖြစ်သည်။

…………………..
GLOBALink | How do people live in harmony with elephants in Africa?
Recently a herd of wild Asian elephants, lingering in the outskirts of the southwestern Chinese city of Kunming, has caught the eyes of the world.
Local authorities have evacuated local residents and mobilized thousands of people to monitor the migration of the herd.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.