ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မိုးမျှော်တိုက်များစွာရှိသည်။ ယင်းတိုက်များ၏ အပြင်ဘက်မျက်နှာပြင်အား သန့်ရှင်းရေးပြုလုပ်ရန် ကျွမ်းကျင်ဝန်ထမ်းများ ငှားရမ်းအသုံးပြုရသည်။ ယခု video တွင် မိုးမျှော်တိုက်များ၏ အပြင်ဘက်တွင် သက်စွန့်ဆံဖျား သန့်ရှင်းရေးပြုလုပ်နေကြသူများ၏ လုပ်ငန်းခွင် ဝင်နေပုံကိုရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
ဟူနန်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် Zhao Deli ဟုအမည်ရသည့် အင်ဂျင်နီယာတစ်ဦးက ပျံသန်းမောင်းနှင်နိုင်သည့်မော်တော်ဆိုင်ကယ်တစ်မျိုးကိုတီထွင်ခဲ့သည်။ အဆိုပါ ပျံသန်းမောင်းနှင်နိုင်သည့်မော်တော်ဆိုင်ကယ် သရုပ်ပြမောင်းနှင်မှုကို တင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနှံ့အပြားတွင် အပူအချိန်မြင့်မားခဲ့သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေ ၄ ရက် အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင် က ဧပြီ ၂၆ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးတွင် COVID-19 ကြောင့်သေဆုံးသူ ၂ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအား မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်၊ ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက် မွန်းလွဲ ၁ း...