Connect with us

Social, Education & Health

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက နီပေါနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီ ပေးအပ်

ပေကျင်း ၊ မေ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)က ပေးအပ်သော ပထမသုတ် ဆေးဘက်ဆိုင်ရာအထောက်အကူများသည် နီပေါနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့သို့ ယနေ့ မေ ၁၉ ရက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အကူများတွင် အကာအကွယ်ဝတ်စုံ ၅,၀၀၀ ၊ oxygen generator အောက်ဆီဂျင်စက် ၁၀၀ ၊ N95 နှာခေါင်းစည်း ၁၀၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၂ ဒသမ ၅၈ သန်းတို့ ပါဝင်ပြီး တရုတ်နိုင်ငံ ကြက်ခြေနီဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း RCSC ထံမှ သိရသည်။

အဆိုပါပစ္စည်းများအား နီပေါနိုင်ငံ ကြက်ခြေနီအသင်းသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီ အဖွဲ့အစည်းမှတစ်ဆင့် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
#China #RedCross #Nepal #တရုတ်နိုင်ငံ #ကြက်ခြေနီ #နီပေါနိုင်ငံ #ဆင်ဟွာ #xinhua #Myanmar #xinhuamyanmar
——————————————————–
(English Version)
China’s Red Cross provides anti-epidemic assistance to Nepal

BEIJING, May 19 (Xinhua) — The first batch of medical supplies provided by the Red Cross Society of China (RCSC) to aid Nepal’s fight against COVID-19 left for Kathmandu, the Nepalese capital, on Wednesday.

The anti-epidemic supplies, comprising 5,000 protective suits, 100 oxygen generators, 100,000 N95 masks and 2.58 million surgical masks, have been donated via the Chinese Red Cross Foundation, according to the RCSC.

The materials will be delivered to the Nepal Red Cross Society through the International Federation of Red Cross and Red Crescent Societies. Enditem