Connect with us

International Organizations

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအရှိန် ဆက်လက်မြင့်တက်နေခြင်းကို အစွမ်းကုန်တားဆီးရန် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂ၊ မေ ၁၉ ရက်(ဆင်ဟွာ)

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ရှိ လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးအကြား ဖြစ်ပွားနေသည့် အကြမ်းဖက်ပဋိပက္ခအရှိန် ဆက်တိုက် မြင့်တက်လာခြင်းကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အစွမ်းကုန် တားဆီးသင့်ကြောင်း ကုလသမဂ္ဂ နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Rosemary DiCarloက မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။တစ်ချိန်တည်းတွင်ပင် ပဋိပက္ခဖြစ်နေသည့်ဘက်ပေါင်းစုံက ညှိနှိုင်းမည့်ကြိုးပမ်းချက်ကို လက်ခံရန် ၊ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမို၍ ဆက်လက်ဆိုးဝါးလာမည်ကို အတူ ရှောင်ကြဉ်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ပါလက်စတိုင်း-အစ္စရေး ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ကုလသမဂ္ဂအနေဖြင့် အပြုသဘောဆောင်သည့် ညှိနှိုင်းဆောင်ရွက်မှုအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း Rosemary DiCarloက ယင်းနေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ ပါလက်စတိုင်းရေးရာအမြဲတမ်းဖိုရမ် ဗွီဒီယိုကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း Nablusမြို့အနီးတွင် အစ္စရေးရဲတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသည်ကို မေ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပဋိပက္ခကြောင့် ယနေ့အထိ ကလေးသူငယ်အပါအဝင် အရပ်သား (၂၀၀)ကျော် သေဆုံးခဲ့သည်။ အကယ်၍ အဓိကရုဏ်းအရှိန်ဆက်လက်မြင့်တက်နေမည်ဆိုပါက ယင်းဒေသသည် “ပျက်သုန်းမည့် နောက်ဆက်တွဲဆိုးကျိုး”နှင့် ရင်ဆိုင်ရမည်ဖြစ်သလို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ အဆုံးစွန်မြင့်တက်သွားမည်ဖြစ်ပြီး အထူးသဖြင့် ဂါဂဇာဒေသတွင်ဖြစ်ရာ ယင်းဒေသအခြေအနေသည် အလွန်အန္တရာယ်များနေသည်”ဟု ၎င်းက ဆိုသည်။

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း Nablusမြို့အနီးတွင် ပါလက်စတိုင်းဆန္ဒပြသူများ အစ္စရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲဖြင့် ပစ်နေသည်ကို မေ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မေ ၁၇ ရက် နေ့လယ်ပိုင်းအထိ ပဋိပက္ခကြောင့် ပါလက်စတိုင်း (၂၀၀)ကျော် သေဆုံးခဲ့ပြီး (၆,၀၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)၏ ပြောရေးဆိုခွင့်ရှိသူက မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးဘက်တွင် သေဆုံးသူ (၁၀)ဦး၊ ဒဏ်ရာရသူ (၈၀၀)နီးပါးရှိကြောင်း သိရသည်။ ပဋိပက္ခကြောင့် လူပေါင်း (၆၀,၀၀၀)နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရရာ (၄၇,၀၀၀)ခန့်သည် အရှေ့ပါလက်စတိုင်း အနီး ကုလသမဂ္ဂမှ ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများ၊ အေဂျင်စီများတွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ Rafahတွင် အစ္စရေးလေတပ်၏တိုက်ခိုက်မှုခံရသည့် ဂိုဒေါင်၌ မီးငြှိမ်းသတ်နေသည့် ပါလက်စတိုင်း မီးသတ်တပ်ဖွဲ့ဝင်များအား မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုအကျပ်အတည်းကြောင့် ဂါဇာတွင် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ကြုံတွေ့နေရသူ လူပေါင်း (၁၆၀,၀၀၀)ခန့် ရှိပြီဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ယင်းနေ့တွင် သတိပေးပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ Rafahတွင် အစ္စရေးလေတပ်၏တိုက်ခိုက်မှုခံရသည့် ဂိုဒေါင်အား မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ Khan Yunisတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦအား မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ Khan Yunisတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦအား မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် ဂါဇာဒေသနေပြည်သူများ၏ ဘဝရှင်သန်မှုအကျပ်အတည်း မပြတ်ဆိုးဝါးလာသည့်အပေါ် ကုလသမဂ္ဂက အထူးစိုးရိမ်ပူပန်လျက်ရှိသည်။ လျှပ်စစ်ပံ့ပိုးသည့်ကွန်ရက် ပျက်စီးမှုကြောင့် ဂါဇာတွင် တစ်ရက်လျှင် လျှပ်စစ်ဓါတ်အား (၆)နာရီမှ (၈)နာရီအထိသာပေးနိုင်ရာ ဒေသ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေပေးဝေမှု၊ သဘာဝပတ်ဝန်းကျင်စသည့် အခြေခံလိုအပ်ချက်များအပေါ် ရိုက်ခတ်မှုဖြစ်နေကြောင်း သိရသည်။ (Xinhua)

#Palestine, #Israel, #UN, #conflict, #myanmar, #xinhua, #xinhuamyanmar, #ပါလက်စတိုင်း, #အစ္စရေး, #ကုလသမဂ္ဂ, #ပဋိပက္ခ, #ဆင်ဟွာ
——————————————————–
(Chinese Version)

(国际)联合国副秘书长呼吁全力阻止巴以冲突继续升级

新华社联合国5月18日电(记者王建刚)联合国负责政治和维和事务的副秘书长迪卡洛18日表示,国际社会应竭尽全力阻止巴勒斯坦加沙地带武装组织与以色列之间的暴力冲突持续升级。她同时敦促冲突各方接受调解努力,共同避免加沙地带人道危机继续恶化。

迪卡洛当天在联合国巴勒斯坦问题常设论坛视频会议上说,此次巴以冲突爆发以来,联合国一直积极参与调解和斡旋。冲突迄今已造成包括儿童在内的200多名平民死亡。如果冲突继续升级,该地区将面临“毁灭性的后果”,“人道主义需求将飙升,尤其是在加沙地带,当地的局势已经非常危急”。
联合国人道主义事务协调厅发言人拉克18日在日内瓦的记者会上说,截至17日中午,冲突已导致超过200名巴勒斯坦人死亡,6000多人受伤。以色列方面死亡人数为10人,近800人受伤。冲突还导致近6万人逃离家园,约4.7万人在联合国近东巴勒斯坦难民救济和工程处开设的学校中避难。
世界粮食计划署当天警告说,这场危机已使加沙约16万人陷入粮食不安全的境地。

此外,联合国对加沙居民不断恶化的生存处境表示担忧。由于供电网受损,加沙居民每天只有六至八个小时的供电,影响了当地的医疗保健以及供水、环境卫生等基本服务。(完)

图说::5月18日,以色列警察在耶路撒冷逮捕一名巴勒斯坦男子。 新华社发(穆阿迈尔•阿瓦德摄)

图说2:5月17日,以色列士兵在约旦河西岸城市纳布卢斯附近与巴勒斯坦抗议者对峙。新华社发(尼达勒摄)

图说3:5月17日,巴勒斯坦抗议者在约旦河西岸城市纳布卢斯附近向以色列士兵投掷石块。 新华社发(尼达勒摄)

图说4:5月18日,巴勒斯坦消防员在加沙地带拉法一间遭以军空袭的仓库灭火。 新华社发(哈利德•奥马尔摄)

图说5:5月18日,一名巴勒斯坦男子在加沙地带拉法查看一间遭以军空袭的仓库。 新华社发(哈利德•奥马尔摄)

图说6:5月18日,巴勒斯坦人在加沙地带城市汗尤尼斯查看被以军空袭摧毁的一处房屋。 新华社发(亚西尔摄)

图说7:5月18日,巴勒斯坦人站在加沙城被以军空袭摧毁的一处房屋废墟中。新华社发(里泽克•阿卜杜勒•贾瓦德摄)