ကွာလာလမ်ပူး ၊ မတ် ၂၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရေးကြိုးပမ်းမှုတစ်ခုအနေဖြင့် ဧပြီ ၁၄ ရက် အထိ ရက်သတ္တပတ် နှစ်ပတ်တာ ဘက်ပေါင်းစုံတင်းကြပ်မှုဆောင်ရွက်သွားရန် ပြည်သူများ လှုပ်ရှားသွားလာမှုကန့်သတ်ချက်ကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယီဒင်ယာစင်က မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း မတ် ၂၆ ရက်မှ ဧပြီ ၄ ရက်အထိ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား တင်းကြပ်ရန် အစိုးရက ကြေညာလိုက်ပြီးနောက် နေရပ်ပြန်သူများဖြင့် အလွန်ပြည့်ကျပ်နေကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အတွေ့အကြုံမျှဝေရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း မတ် ၂၄ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ယနေ့ မတ် ၂၅ ရက်မှ စတင်၍ မိုးပျံရထား နှင့် မြေအောက်ရထားများ အပါအဝင် ရထားစီးနင်းသူ ခရီးသည်အားလုံးအနေဖြင့် နှာခေါင်းစည်း(Masks)များ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန website မှ သိရသည်။
ဝူဟန့်၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် COVID-19 ကပ်ရောဂါဆိုးကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ကုမ္ပဏီ လုပ်ငန်းများအားလုံး ပုံမှန်အတိုင်းပြန်လည် စတင် လည်ပတ်နေပြီဖြစ်သည်။ မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများကို ကျန်းမာရေးစစ်ဆေးမှု ခဏတာပြုလုပ်ပြီးနောက်တွင် မော်တော်ယာဉ်များအား ဝူဟန့်မြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုခဲ့သည်။ ဘတ်စ်ကားစီးနင်းသူများ အနေဖြင့်...