ချန်ရှား၊ မေ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ မိန်ယန်တောင်ဈာပနခန်းမတွင် မေ ၂၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး သိပ္ပံပညာရှင် ယွမ်လုံဖိန်ကို လူထုက လာရောက်စုရုံးပို့ဆောင်ခဲ့ကြသည်။
ဒါကာ ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးကျောင်းသားများအား တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများကို မေ ၂၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဂါဇာ၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးတစ်ခု တည်တံ့စေရေးအတွက် ကိုင်ရိုင်မြို့၌ ဆွေးနွေးပွဲတက်ရောက် ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟာမက်စ်) ခေါင်းဆောင်များအား အီဂျစ်နိုင်ငံက ဖိတ်ကြားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၅ ရက်တွင်ပြောကြားသည်။
ဝါရှင်တန်/မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၁၆ ရက်၌ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ဘက်ခြမ်းရှိ အဓိက ကျွန်းဖြစ်သည့် ဟော့ကိုင်းဒိုး၌ ယနေ့ မေ ၂၆ ရက်တွင် ဂျပန်ငါးဖမ်းလှေတစ်စင်းသည် ရုရှားသင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ရာ လူ သုံးဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။