Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများနှင့် ဆေးကျောင်းသားများအား ကာကွယ်ဆေး ထိုးနှံပေး

ဒါကာ ၊ မေ ၂၆ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးကျောင်းသားများအား တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများကို မေ ၂၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်း ဦးဆောင်ဆေးဘက်ဆိုင်ရာကောလိပ် ၄ ခု ဖြစ်သည့် Dhaka ဆေးဘက်ဆိုင်ရာကောလိပ် နှင့် ဆေးရုံ ၊ Shaheed Suhrawardy ဆေးဘက်ဆိုင်ရာကောလိပ် ၊ Sir Salimullah ဆေးဘက်ဆိုင်ရာကောလိပ် နှင့် Mugda ဆေးဘက်ဆိုင်ရာကောလိပ်တို့မှ ဆေးကျောင်းသား ၁,၀၀၀ ဝန်းကျင်က COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ပြီး တရုတ်နိုင်ငံက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တရုတ်နိုင်ငံက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသော Dhaka ဆေးဘက်ဆိုင်ရာကောလိပ် နှင့် ဆေးရုံက ကျောင်းသားတစ်ဦးအား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ အခြေစိုက် ဆေးဘက်ဆိုင်ရာကောလိပ်များမှ နောက်ဆုံးနှစ်ကျောင်းသားများသည် မေ ၂၅ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီး Zahid Maleque နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ဒါကာဆေးဘက်ဆိုင်ရာကောလိပ်နှင့် ဆေးရုံ၌ ကျင်းပခဲ့သော အခမ်းအနားတစ်ခုအပြီးတွင် Sinopharm COVID-19 ကာကွယ်ဆေးအား ထိုးနှံခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ဧပြီလနှောင်းပိုင်းတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောအပတ်က ဒါကာမြို့ရှိ တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ လှူဒါန်းမှုများအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen နှင့် မေ ၂၁ ရက် ညနေပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သံရုံး၏ လှူဒါန်းမှုကြေညာချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တရုတ်နိုင်ငံ၏ ပထမဆုံး လှူဒါန်းမှု ရောက်ရှိလာပြီးနောက် ၉ ရက်အကြာတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဒုတိယအသုတ် ရောက်ရှိလာသော တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ နှင့် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေး အားကောင်းသော ကာကွယ်မှု တည်ဆောက်ရာတွင် ကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံသံရုံးက ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံမှ COVID-19 ကာကွယ်ဆေး ထပ်မံတင်ပို့မှု အချိန်မီရောက်ရှိရန် မသေချာသည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် နိုင်ငံအနှံ့ ဧပြီ ၂၈ ရက်တွင် AstraZeneca ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ရပ်တန့်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်သူ ၆ သန်းနီးပါးသည် AstraZeneca ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Bangladesh inoculates medical students with China-donated vaccines

DHAKA, May 26 (Xinhua) — Bangladesh began administering the China-donated COVID-19 vaccines to its medical students on Tuesday.
About 1,000 medical students from the country’s four top leading medical colleges, namely Dhaka Medical College and Hospital, Shaheed Suhrawardy Medical College, Sir Salimullah Medical College and Mugda Medical College, took their first shot of the COVID-19 vaccine thanks to a second batch of China-donated COVID-19 vaccines.

The final-year students from the medical colleges based in the national capital Dhaka received the Sinopharm COVID-19 vaccine following a ceremony held at Dhaka Medical College and Hospital on Tuesday morning attended by Health Minister Zahid Maleque and other officials.

Bangladesh’s drug regulator in late April authorized the Sinopharm COVID-19 vaccine for emergency use in the Asian country.
According to a statement of the Chinese Embassy in Dhaka last week, the Chinese donation was made after Chinese State Councilor and Foreign Minister Wang Yi had a phone conversation with Bangladeshi Foreign Minister A.K. Abdul Momen on the evening of May 21.

The Chinese embassy’s announcement of the donation came nine days after the arrival of China’s first donation in Bangladesh.
The Chinese embassy has expressed hope that the arrival of the second batch of Chinese vaccines will help the Bangladeshi government and people build a strong line of defense against the coronavirus epidemic.

Amid uncertainty over timely arrival of the next COVID-19 vaccine shipment from India, the Bangladeshi government halted administering the first dose of the AstraZeneca vaccine across the country on April 28.
Nearly 6 million people have received the first dose of the AstraZeneca vaccine in Bangladesh