Connect with us

Asia

ဂျပန်ငါးဖမ်းလှေတစ်စင်း ရုရှားသင်္ဘောနှင့် တိုက်မိခြင်းကြောင့် လူ ၃ ဦးသေဆုံး

တိုကျို ၊ မေ ၂၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ဘက်ခြမ်းရှိ အဓိက ကျွန်းဖြစ်သည့် ဟော့ကိုင်းဒိုး၌ ယနေ့ မေ ၂၆ ရက်တွင် ဂျပန်ငါးဖမ်းလှေတစ်စင်းသည် ရုရှားသင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ရာ လူ သုံးဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။ဟော့ကိုင်းဒိုးစီရင်စု Monbetsu မြို့၌ အခြေစိုက်သော သမဝါယမငါးဖမ်းလုပ်ငန်းစုတစ်ခုမှ ပိုင်ဆိုင်သည့် အဆိုပါ ငါးဖမ်းလှေပေါ်တွင် လူ ၅ ဦး လိုက်ပါသွားပြီး အမွေးအမျှင်ထူဂဏန်း(hairy crab)များ ဖမ်းယူနေစဉ် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ထံမှ သိရသည်။

အလေးချိန် ၆၆၂ တန် ရှိသည့် Amur အမည်ရှိ ရုရှားရေယာဉ်ပေါ်တွင် သင်္ဘောသား ၂၃ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။ သေဆုံးသွားသူ ၃ ဦးမှာ အသက် ၆၀ အရွယ်ရှိ အင်ဂျင်နီယာချုပ် တစ်ဦး နှင့် အသက် ၃၀ အရွယ်ရှိ အသီးသီးရှိသူ လူငယ် နှစ်ဦးတို့ ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ထံမှ သိရသည်။

အသက်ရှင်ကျန်ရစ်သူ နှစ်ဦးအနက် တစ်ဦးမှာ အသေးစားထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ဒေသတွင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။ (Xinhua)
…………………………………………
(English Version)

3 dead as Japanese fishing boat collides with Russian ship

TOKYO, May 26 (Xinhua) — Three crew members were dead as a Japanese fishing boat capsized after colliding with a Russian ship off Japan’s northernmost main island of Hokkaido on Wednesday, local media reported.

The five-crew-member fishing boat, which belongs to a fishery cooperative based in Hokkaido’s Monbetsu, was catching hairy crabs when the collision occurred at around 6:00 a.m. local time, according to the Japan Coast Guard.

The 662-ton Russian vessel, named Amur, had 23 crew members.Among the three victims, one was the chief engineer in his 60s and the two others were in their 30s, according to the Japan Coast Guard.Of the remaining two crew members, one suffered minor injuries and the other was not injured, according to local fire fighters. Enditem