Connect with us

North America

ဘိုင်ဒန်နှင့် ပူတင်တို့ ဇွန်လ၌ ဂျီနီဗာမြို့တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်

ဝါရှင်တန်/မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၁၆ ရက်၌ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။“ခေါင်းဆောင်တွေက အမေရိကန်-ရုရှား ဆက်ဆံရေး ကြိုတင်ခန့်မှန်းလို့ရနိုင်မှုနဲ့ တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေး ကိစ္စရပ်တွေကို အပြည့်အဝစီစဉ်နိုင်ရေး ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဘိုင်ဒန်က သမ္မတတာဝန်ယူပြီးနောက် ပူတင်နှင့် ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံမည့် အစည်းအဝေးလည်း ဖြစ်လာမည်ဖြစ်သည်။ ဘိုင်ဒန်သည် ဇွန်လ၌ ဗြိတိန်နိုင်ငံတွင် Group of Seven (G7)ထိပ်သီးအစည်းအဝေးနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် NATO ထိပ်သီးအစည်းအဝေး တက်ရောက်မည့် ၎င်း၏ ဥရောပခရီးစဉ်အတွင်း ပူတင်နှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်ကြောင်း ယခုအစောပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ ကရင်မလင်နန်းတော်ကလည်း သီးခြားထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။“ရုရှား-အမေရိကန် ဆက်ဆံရေး ထပ်မံ တိုးတက်မှု၊ မဟာဗျူဟာမြောက် တည်ငြိမ်ရေးကိစ္စရပ်များအပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ဒေသတွင်း ပဋိပက္ခများ တည်ငြိမ်ရေး အပါအဝင် နိုင်ငံတကာအစီအစဉ်ဆိုင်ရာ ထိပ်တန်းကိစ္စရပ်တွေအတွက် အလားအလာတွေနဲ့ အခြေအနေတွေကို ဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ကရင်မလင်နန်းတော် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ရော့ဗ် (Sergei Lavrov) တို့ ထိပ်သီးအစည်းအဝေး အတွက် ပြင်ဆင်မှု၏ တစ်တစ်ပိုင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိနားလည်ထားသော အရွေ့တစ်ခုအဖြစ် လွန်ခဲ့သည့် သီတင်းပတ်က အိုက်စ်လန်းတွင် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည် တင်းမာသောဆက်ဆံမှုများအကြား “စိုးရိမ်ဖွယ် မတူကွဲပြားမှုများ” ကို လက်ခံလျက် ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan သည် ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး Nikolai Patrushev နှင့် ဂျီနီဗာမြို့တွင် မေ ၂၄ ရက်က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ တွေ့ဆုံမှုသည် “ထင်ရှားတဲ့ ကွဲပြားမှုတွေ” ရှိသော်ငြားလည်း အပြုသဘောဆောင်ခဲ့ကြောင်း အိမ်ဖြူတော်က ပူးတွဲထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“အမေရိကန်-ရုရှား ဆက်ဆံရေး ပုံမှန်ဖြစ်တာက နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုတင်ခန့်မှန်းနိုင်မှုနှင့် တည်ငြိမ်မှုကို ပံ့ပိုးကူညီကြရန် နှစ်ဘက်လုံး သဘောတူခဲ့ကြပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

ဝါရှင်တန်နှင့် မော်စကိုကြား ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း ပဋိပက္ခဆန်ဆန်ဖြစ်ပွားလျက် ရှိကြောင်း၊ နှစ်နိုင်ငံကြား ယူကရိန်း၊ ဆိုက်ဘာလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် အမေရိကန် ရွေးကောက်ပွဲ ကြားဝင်နှောင့်ယှက်မှုများနှင့် ဆက်စပ်သော ကိစ္စရေးရာများ၌ သိသာထင်ရှားသော ကွဲပြားမှုများ ရှိကြောင်း သိရသည်။

ဘိုင်ဒန် အစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့် “ပိုမို၍ခန့်မှန်းနိုင်ပြီး တည်ငြိမ်မှုရှိသော ဆက်ဆံရေး” ကို ရှာဖွေလျက်ရှိကြောင်း ဖော်ပြထားသည်။

တတိယနိုင်ငံတစ်ခုတွင် ပြင်တင်ထားသော ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးသည် ဧပြီ ၁၃ ရက်က ပူတင်နှင့် တယ်လီဖုန်းဆက်သွယ်ပြောကြားစဉ် ဘိုင်ဒန်က ပထမဆုံး အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ကရင်မလင် က ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Update: Biden, Putin to hold summit in Geneva in June

WASHINGTON/MOSCOW, May 25 (Xinhua) — U.S. President Joe Biden and Russian President Vladimir Putin will hold their first summit in Geneva, Switzerland on June 16, the White House said on Tuesday.

“The leaders will discuss the full range of pressing issues, as we seek to restore predictability and stability to the U.S.-Russia relationship,” the White House said in a short statement.
It will be Biden’s first in-person meeting with Putin as president. Biden said earlier this month that he expected to meet with Putin during his trip to Europe in June, when he would attend the Group of Seven Summit in Britain and then the NATO Summit in Brussels, Belgium.The Kremlin also confirmed the meeting in a separate statement.

“We intend to discuss the state of and the prospects for the further development of Russian-U.S. relations, strategic stability issues, as well as topical issues on the international agenda, including interaction in the fight against the coronavirus pandemic and the settlement of regional conflicts,” said the Kremlin statement.

Russian Foreign Minister Sergei Lavrov met U.S. Secretary of State Antony Blinken in Iceland last week in a move that was widely perceived as part of the preparation for the summit.
The two officials have expressed willingness to cooperate while admitting “serious differences” amid tense relations.

On Monday, U.S. National Security Advisor Jake Sullivan held consultations with his Russian counterpart Nikolay Patrushev in Geneva. The White House said in a joint statement that their meeting was “constructive” despite “outstanding differences.”

“The sides agreed that a normalization of U.S.-Russian relations would be in the interest of both countries and contribute to global predictability and stability,” according to the joint statement.

Relations between Washington and Moscow have been adversarial in recent years. The two sides have obvious differences on issues related to Ukraine, cybersecurity, human rights, and U.S. election interference.The Biden administration noted it seeks “a more predictable, stable relationship” with Russia.

The much-anticipated Russian-U.S. summit in a third country was first proposed by Biden during a telephone conversation with Putin on April 13, according to the Kremlin. ■
Xinhua file photos of Russian President Vladimir Putin (L) and U.S. President Joe Biden