ဂျေရုဆလင် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အမျိုးသားတစ်ဦးသည် ဂျေရုဆလင်မြို့တွင် အစ္စရေး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား တိုက်ခိုက်မှုပြုလုပ်သောကြောင့် ၎င်းအား အစ္စရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၏ မေ၂၄ ရက်ထုတ်ပြန်ကြေညာချက်အရသိရသည်။
ကဘူးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ မေလ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့ အနေဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် တာလီဘန်လက်နက်ကိုင်တပ်အဖွဲ့ဝင်ပေါင်း ၁၄၀ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။
ကန်ဘာရာ၊ မေ ၂၅ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် လျာထားခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျသံရုံးအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တမန္ဒု ၊ မေ ၂၅ ရက် (ဆင်ဟွာ) မျက်စိအလင်းရောင် ပျောက်ကွယ်နေသည်မှာ ၂၅ နှစ်ကြာပြီဖြစ်သည့် တရုတ်နိုင်ငံ မှ မျက်မမြင် ကျန်းဟုန်သည် မေလ ၂၄ ရက်က နီပေါနိုင်ငံဘက်ခြမ်း မှ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ရာ အာရှတိုက်၏ ပထမဦးဆုံးသော...
မနီလာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသားများက တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်သူ Sinovac Biotech ၏ CoronaVac ကာကွယ်ဆေးကို အခြား COVID-19 ကာကွယ်ဆေးများထက် ပို၍ နှစ်သက်ကြကြောင်း မေ ၂၄ ရက်တွင် ထုတ်ပြန်သော လွတ်လပ်သော စစ်တမ်းတစ်ခုအရ သိရသည်။