Connect with us

Africa & Middle East

အစ္စရေးရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း တစ်ဦးသေဆုံး

ဂျေရုဆလင် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း အမျိုးသားတစ်ဦးသည် ဂျေရုဆလင်မြို့တွင် အစ္စရေး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား တိုက်ခိုက်မှုပြုလုပ်သောကြောင့် ၎င်းအား အစ္စရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၏ မေ၂၄ ရက်ထုတ်ပြန်ကြေညာချက်အရသိရသည်။အခင်းဖြစ်ပွားရာ နေရာသည် ဂျေရုဆလင်အရှေ့ပိုင်း Sheikh Jarrah ဒေသ၌ ဖြစ်ကြောင်း ၊ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ယင်းအမျိုးသားသည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့ က ဆိုသည်။ အစ္စရေးနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုကျူးလွန်သူမှာ အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ အစ္စရေးနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ယင်း တိုက်ခိုက်မှုကြောင့် အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦး နှင့် အစ္စရေး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးကို ဆေးဝါးကုသရန် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံအစိုးရသည် လတ်တလောတွင် သက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များအရ ဂျူးလူမျိုးများ နေထိုင်ရန် အကြောင်းပြချက်ဖြင့် Sheikh Jarrah ဒေသရှိ ပါလက်စတိုင်းမိသားစု ၁၀ ခု ကို နေရာရွှေ့ပြောင်း စေခဲ့ကြောင်း သိရသည်။ ဧပြီလလယ်ပိုင်း Ramadan ဥပုသ်လ စတင်ချိန်မှစ၍ ပါလက်စတိုင်းပြည်သူများ နှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်များသည် Sheikh Jarrah ဒေသ နှင့် ဂျေရုဆလင်မြို့ဟောင်း စသည့်နေရာများတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြသည်။

မေ ၁၀ ရက်မှစတင်၍ ဟားမတ်စ် အပါအဝင် ဂါဇာဒေသရှိ လက်နက်ကိုင်အဖွဲ့များသည် အစ္စရေး နှင့် ဆိုးရွားသည့် တိုက်ခိုက်မှုများ စတင်ခဲ့ရာ အရပ်သားအများအပြားသေဆုံးခဲ့ရကြောင်း ၊ မေ ၂၀ ရက်ညပိုင်းတွင် ဟားမတ်စ် နှင့် အစ္စရေး တို့အကြား နှစ်ဖက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း ကြေညာခဲ့ပြီး မေလ ၂၁ ရက် နံနက်ပိုင်းအချိန်မှစတင်၍ အပစ်အခတ်ရပ်ဆဲခဲ့ကြခြင်းဖြစ်သည်။

ပါလက်စတိုင်းသတင်းမီဒီယာ၏ဖော်ပြချက်အရ နှစ်ဘက်အကြား အပစ်အခတ်ရပ်ဆဲသွားသော်လည်း ဂျေရုဆလင် နှင့် ဂျော်ဒန်မြစ် အနောက်ကမ်းဒေသ တွင် ပါလက်စတိုင်း နှင့် အစ္စရေး အကြား တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း ၊ အစ္စရေးနိုင်ငံ နေရာအများအပြားရှိ ဂျူးလူမျိုး နှင့် အာရပ်လူမျိုးများအကြား တိုက်ခိုက်မှုများသည်လည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)

(国际)以色列警方开枪打死一名巴勒斯坦人

新华社耶路撒冷5月24日电(记者尚昊)以色列警方24日发表声明说,一名巴勒斯坦男子当天在耶路撒冷袭击了以色列国防军士兵及平民,以警方开枪将其打死。

以色列警方说,事件发生在东耶路撒冷谢赫杰拉地区,以警方开枪回击后,该男子当场死亡。据以色列媒体报道,袭击者是一名17岁男子。以色列急救组织“红色大卫盾”说,这一袭击造成一名以军士兵及一名以色列平民受伤,两人已送医救治。

以色列政府近期根据有关法律,要求居住在谢赫杰拉地区的十余户巴勒斯坦人搬离,为犹太人建设定居点腾出空间。自4月中旬斋月以来,巴勒斯坦民众与以色列军警在谢赫杰拉地区及耶路撒冷老城等地多次发生冲突。

5月10日起,巴勒斯坦伊斯兰抵抗运动(哈马斯)等加沙地带武装组织与以色列爆发严重冲突,双方交火11天,导致数千名平民伤亡。20日晚,哈马斯与以色列方面各自宣布,双方已达成停火协议,停火从21日凌晨开始。

但据巴以媒体报道,自双方停火以来,在耶路撒冷、约旦河西岸地区等地,巴以双方冲突事件仍在持续。此外,在以色列多地,犹太民众与阿拉伯民众间的冲突事件也在持续。(完)

Photo
5月10日,以色列警察在耶路撒冷老城圣殿山(穆斯林称“尊贵禁地”)附近执行任务。新华社发(穆阿迈尔•阿瓦德摄)