ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်ပွဲတော် ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို “မပျံသန်းရဇုန်”အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဘရာဇာဗီလီ၊ မေ ၅ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Clement Mouamba သည် ၎င်း၏နုတ်ထွက်စာကို အစိုးရအဖွဲ့သမ္မတ Denis Sassou Nguesso ထံသို့ ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ကြောင်း သမ္မတနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို...
ဘာလင် ၊ မေ ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel က ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်သည် ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အတွင်း အခက်အခဲ အချို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ယင်းသဘောတူညီချက်မှာ အရေးပါသည့် ကတိပြုချက် တစ်ခုဖြစ်ပြီး ဥရောပ-တရုတ် နှစ်ဘက်စလုံးအတွက်...
ပေကျင်း ၊ မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)၏ ဆောင်ရွက်မှုများသည် နောက်ဆုံးထုတ်ပြန်ခဲ့သော စက်မှုလုပ်ငန်းအချက်အလက်တွင် COVID-19 ရောဂါသက်ရောက်မှုမှ စီးပွားရေး ပြန်လည်နလံထူလာသည်နှင့်အမျှ ယခုနှစ် ပထမသုံးလပတ်တွင် တိုးတက်ခဲ့ကြောင်း သိရသည်။