Connect with us

Europe

ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်က အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ်ပြောကြား

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel အား ဖေဖော်ဝါရီလ၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ မေ ၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel က ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်သည် ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အတွင်း အခက်အခဲ အချို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ယင်းသဘောတူညီချက်မှာ အရေးပါသည့် ကတိပြုချက် တစ်ခုဖြစ်ပြီး ဥရောပ-တရုတ် နှစ်ဘက်စလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း မေ ၅ ရက်၌ ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ Unionsparteien ပါတီ၏ မေ ၅ ရက်၌ ကျင်းပပြုလုပ်သော အွန်လိုင်းအစည်းအဝေး၌ ဂျာမနီဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် မှတစ်ဆင့် မိမိတို့ဈေးကွက်ထဲသို့ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ပိုမိုဝင်ရောက်လာစေမည်ဖြစ်ကြောင်း ၊ သဘောတူညီချက်တွင် ပါဝင်သော အချို့အချက်များသည် ဥရောပ-တရုတ် နှစ်ဖက်ကုန်သွယ်ရေးအား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ဦးတည်ချက်သို့ တိုးတက်ဖွံ့ဖြိုးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Angela Merkel က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဂျာမနီနိုင်ငံ၏ အကျိုးစီးပွား နှင့် ကိုက်ညီမှုရှိကြောင်း ၊ ရာသီဥတုပြောင်းလဲမှုအရေး ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်၏ ကိစ္စရပ်များ နှင့် အခြားသော နိုင်ငံတကာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ မပါဝင်ခြင်း သို့မဟုတ် တရုတ်နိုင်ငံနှင့် အတိုက်အခံလုပ်ခြင်းက မိမိတို့အား ကိစ္စရပ်များကို ဖြေရှင်းစေနိုင်မည် မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံ မှ ကတိပြုခဲ့သည့် ရာသီဥတု ထိန်းသိမ်းရေး ရည်မှန်းချက် ၊ ၂၀၃၀ ခုနှစ် နှင့် ၂၀၆၀ ခုနှစ်မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုဆိုင်ရာ ကတိပြုချက်များသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောဆောင်သည့် အချက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် တရုတ် နိုင်ငံ နှင့် ဥရောပ သည် သတ်မှတ်အချိန်အတွင်း တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် ဆွေးနွေးမှုကို ပြီးစီးအောက်ဆောင်ရွက်သွားရန် အတူတကွ ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်၏ အီးယူ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော ဂျာမနီနိုင်ငံဝန်ကြီးချုပ်သည် အီးယူတွင် အရေးပါသည့် တွန်းအားပေးဆောင်ရွက်မှုကို ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ဥရောပကော်မတီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Valdis Dombrovskis က ဧပြီလ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် အီးယူ နှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန် ပိတ်ဆို့အရေးယူမှုများဆောင်ရွက်ခဲ့သောကြောင့် နှစ်ဘက်နိုင်ငံခြားရေးဆက်ဆံမှုတွင် ဆိုးရွားလာခဲ့ပြီး ဥရောပကော်မရှင်အနေဖြင့် သဘောတူညီချက်အား ခွင့်ပြုချက်ပေးရန် ကြိုးပမ်းအားထုတ်မှုမှာလည်း လက်တွေ့တွင် ရပ်တန့်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(Chinese Version)
(国际)默克尔:欧中投资协定将让双方互利互惠

  新华社柏林5月5日电(记者任珂)德国总理默克尔5日说,欧中投资协定虽然在批准过程中会遇到一些困难,但这是一个重要的承诺,欧中双方将因此互利互惠。
  德国联盟党联邦议院党团当天举行有关跨大西洋关系的视频会议,默克尔在会上发表讲话。她说,“欧中投资协定将给我们在市场准入方面更多的互惠待遇”,协定的一些条款将使欧中双方的贸易向着双方互利的方向发展。
  默克尔说,中国的发展繁荣符合德国的利益。“无论是气候变化、有关世界贸易组织的问题还是其他国际问题,缺少中国或与中国对抗,我们都将无法解决。中国承诺的气候保护目标,包括力争2030年前实现碳达峰和2060年前实现碳中和,都是鼓励多边主义的积极信号。”
  2020年12月30日,中欧双方共同宣布如期完成中欧投资协定谈判。作为2020年下半年欧盟轮值主席国,德国及默克尔本人为此在欧盟内部发挥了重要的推动作用。然而,欧盟委员会执行副主席东布罗夫斯基斯本月4日接受媒体采访时说,由于欧盟与中国互相制裁后双方外交关系恶化,欧盟委员会争取批准该协议的行动实际上已暂停。(完)

Photo
2月1日,屏幕上播放着德国总理默克尔在柏林出席新闻发布会的视频画面。新华社记者 单宇琦 摄