Connect with us

Africa & Middle East

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နုတ်ထွက်

၂၀၁၄ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ Kinshasa မြို့၌ ကျင်းပသောချီတက်ပွဲတစ်ခုတွင် တက်ရောက်လာသည့်ပြည်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇာဗီလီ၊ မေ ၅ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Clement Mouamba သည် ၎င်း၏နုတ်ထွက်စာကို အစိုးရအဖွဲ့သမ္မတ Denis Sassou Nguesso ထံသို့ ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ကြောင်း သမ္မတနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။
ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို သမ္မတက လက်ခံခဲ့ပြီး ၎င်းအနေဖြင့် လွန်ခဲ့သည့် ၅ နှစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အတူပူးပေါင်းဆောင်ရွက်ခဲ့သော ဝန်ကြီးများအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်ဟု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့်ရက်များတွင် သမ္မတ Nguesso က ဝန်ကြီးချုပ်အသစ်တစ်ဦးခန့်အပ်သွားမည်ဟု မျှော်လင့်ရသည်။ပြီးခဲ့သော မတ်လက Nguesso သည် သမ္မတအဖြစ် နောက်တစ်ကြိမ်ပြန်အရွေးခံရပြီးနောက်တွင် Mouamba သည် ယခုကဲ့သို့ နုတ်ထွက်စာတင်သွင်းခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်အနေဖြင့် ကွန်ဂိုဖွဲ့စည်းပုံအခြေခံဥပေးနှင့်အညီ ဝန်ကြီးချုပ်အသစ်တစ်ဦးအား ခန့်အပ်သွားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)
Republic of Congo’s PM resigns
BRAZZAVILLE, May 5 (Xinhua) — Prime Minister of the Republic of the Congo Clement Mouamba on Wednesday handed in his resignation letter and that of his government to President Denis Sassou Nguesso, according to a source close to the presidency.
The resignation was accepted by the president, who thanked all the ministers for their work during the past five years of collaboration, the cabinet said in an announcement.
President Nguesso is expected to appoint a new prime minister in the coming days.
Mouamba’s resignation follows the re-election in March of Nguesso, who, in accordance with the Congolese constitution, is to appoint a new prime minister to form a new government. Enditem