နေပြည်တော်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၎င်း၏ လူ့အခွင့်အရေး အသိပညာပေး လုပ်ငန်းများကို တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ ကြောင်း ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဟနွိုင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အေးခဲထားသော ကျားအသေကောင် ၇ ကောင်အား ကုန်ကူးမှုအတွက် ဗီယက်နမ်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းဖြစ်ပေါ်နေသော အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးချက်ထုတ်ပြန်သည်။
ဝယ်လ်လင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဝေလမင်းသားနှင့်ကြင်ယာတော်တို့ နိုဝင်ဘာလ တွင် နယူးဇီလန်နိုင်ငံသို့လာရောက်မည်ကို ကြိုဆိုကြောင်း နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က ဇူလိုင် ၂၆ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) က ရန်ကုန်မြို့ ၊ တာမွေ မြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ရှိ ကျောင်းသား/သူ (၁၂၂) ဦး အား...