Connect with us

China

အကြိမ် (၃၀) မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲ ရှန်ဟိုင်းတွင် ကျင်းပ

ရှန်ဟိုင်း၊ မေ ၅ ရက်(ဆင်ဟွာ)

အကြိမ် (၃၀)မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲကို ယနေ့(မေ ၅ ရက်)တွင် ရှန်ဟိုင်းမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး (၄)ရက်ကြာ ကျင်းပမည်ဖြစ်သည်။

အကြိမ် (၃၀)မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲမြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အကြိမ် (၃၀)မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲမြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အကြိမ် (၃၀)မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲမြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုကျင်းပသည့် ပြပွဲကို တရုတ်နိုင်ငံစက်ဘီးအသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပါဝင်ပြသသည့်လုပ်ငန်းပေါင်း (၁,၀၀၀)ကျော်ရှိရာ ပြခန်း (၆,၀၀၀)ကျော် ပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံစက်ဘီးအသင်း တာဝန်ခံ၏ မိတ်ဆက်ပြောကြားချက်များအရ ပြီးခဲ့သည့်နှစ်မှစ၍ တရုတ်နိုင်ငံ စက်ဘီးလုပ်ငန်း ပို့ကုန်အမှာစာများ သိသိသာသာတိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် အဓိကလုပ်ငန်းများ၏ တစ်နှစ်စာ ထုတ်လုပ်ရေးအစီအစဉ် အပြည့်ရှိပြီး အချို့လုပ်ငန်းများသည် လာမည့်နှစ်ပို့ကုန်အတွက် လက်ခံထားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)