မက္ကဆီကိုစီးတီး၊ မေ ၅ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း မက္ကဆီကိုစီးတီးမြို့တွင် မေ ၃ ရက် ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျပြီးနောက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ အဆိုအရ သိရသည်။
ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အသက် (၁၄)နှစ်နှင့်အောက် ကလေးငယ်များ၏ လူဦးရေသည် (၁၄.၉၃)သန်း ရှိရာ ၎င်းမှာ ၁၉၅၀ ပြည့်နှစ် မှတ်တမ်းထားရှိသည့်နောက်ပိုင်း လူဦးရေအနည်းဆုံးစံချိန်ချိုးခဲ့ခြင်းပြီး နှစ်ပေါင်း(၄၀)ဆက်တိုက် လျော့နည်းလာခြင်းလည်းဖြစ်ကြောင်း ဂျပန် ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မေ ၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
စင်္ကာပူ ၊ မေ ၅ ရက်(ဆင်ဟွာ) ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါအခြေအနေနှင့်အညီ စင်္ကာပူနိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေး တင်းကြပ်သောအစီအမံများကို မေ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ မေ ၅ ရက်(ဆင်ဟွာ) လက်ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နောက်သက်တမ်းအတွက် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားမည့်အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် မေ(၇) ရက် သောကြာနေ့တွင် စုဝေးကြပြီး သဘောထားအမြင်ထုတ်ပြန်ကြားနာပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ဥက္ကဌက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
ဆော်ပိုလို၊ မေ ၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆန်တာကာတာနီးယားပြည်နယ်ရှိ ကလေးထိန်းကျောင်းတစ်ခုတွင် မေ ၄ ရက် နံနက်ပိုင်းက ဓါးကိုင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်(၃)ဦးနှင့် ဆရာ/ဆရာမ (၂)ဦး သေဆုံးခဲ့သည်။