Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် ရထားသံလမ်းပြိုကျမှုကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ရထားလမ်းတံတားပြိုကျမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မေ ၅ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း မက္ကဆီကိုစီးတီးမြို့တွင် မေ ၃ ရက် ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျပြီးနောက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ အဆိုအရ သိရသည်။

ဒဏ်ရာရသူ ၄၉ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အာဏာပိုင်များက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။အဆိုပါ မတော်တဆမှုသည် မေ ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားဖြတ်သန်းသွားစဉ် ကွန်ကရစ်ရက်မ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း မက္ကဆီကိုစီးတီး မြို့တော်ဝန် Claudia Sheinbaum က မေ ၄ ရက် ရုပ်မြင်သံကြားဌာနနှင့်တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ရထားလမ်းတံတားပြိုကျမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ရထားလမ်းတံတားပြိုကျမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ရထားလမ်းတံတားပြိုကျမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ရထားလမ်းတံတားပြိုကျမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ရထားလမ်းတံတားပြိုကျမှုဖြစ်ပွားရာနေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

“အခင်းဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား လူသိရှင်ကြား ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီလိုမတော်တဆမှုဖြစ်ပွားရတဲ့အတွက် ကျွန်မတို့ အင်မတန် ဝမ်းနည်းရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ပြုတ်ကျနေသည့် ရထားတွဲအနေအထားမှာ မတည်မငြိမ်ဖြစ်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ အဟန့်အတားဖြစ်နေရကြောင်း သိရသည်။အမှတ် ၁၂ ရထားလိုင်း ဖြတ်သန်းသွားစဉ် တံတားပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းကို ၂၀၁၂ ခုနှစ်ကတည်းက အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)

24 killed in Mexico metro bridge collapse

Source: Xinhua| 2021-05-04 17:21:53|Editor: huaxia
MEXICO CITY, May 4 (Xinhua) — At least 24 people were killed and 70 others injured after a metro bridge collapsed in southern Mexico City Monday night, according to local authorities.
Authorities said on social media that 49 of the injured have been rushed to hospital.
In an interview with local TV station on Tuesday, Mexico City mayor Claudia Sheinbaum said that the accident occurred Monday when a concrete beam collapsed just as a subway train was passing.
“The corresponding investigations will be carried out to publicize the causes of the accident. We are very sorry for what happened,” she said.
At the moment, the rescue operation has been interrupted because the train which had fallen is at an unstable condition.
The Metro 12 line that runs over the collapsed overpass was put into use since 2012. Enditem
၁-(210504) — MEXICO CITY, May 4, 2021 (Xinhua) — Medical workers transfer an injured at the scene of a metro bridge collapse in Mexico City, Mexico, May 3, 2021. At least 15 people were killed and 70 others injured after a metro bridge collapsed in southern Mexico City Monday night, according to an updated preliminary report from local authorities. (Photo by Ricardo Flores/Xinhua)
၂-(210504) — MEXICO CITY, May 4, 2021 (Xinhua) — Aerial photo taken on May 4, 2021 shows the scene of a metro bridge collapse in Mexico City, Mexico. At least 15 people were killed and 70 others injured after a metro bridge collapsed in southern Mexico City Monday night, according to an updated preliminary report from local authorities. (Xinhua/Xin Yuewei)