Connect with us

Africa & Middle East

ဘရာဇီးနိုင်ငံ ကလေးထိန်းကျောင်းတစ်ခုတွင် ဓါးကိုင်အကြမ်းဖက်မှုဖြစ်ပွား၊ ကလေးငယ် (၃)ဦး အပါအဝင် လူ (၅)ဦး သေဆုံး

ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆန်တာကာတာနီးယားပြည်နယ် အကြမ်းဖက်မှုဖြစ်ပွားသည့် ကလေးထိန်းကျောင်းပြင်ပတွင် လူစုလူဝေးဖြစ်နေသည်ကို မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပိုလို၊ မေ ၅ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆန်တာကာတာနီးယားပြည်နယ်ရှိ ကလေးထိန်းကျောင်းတစ်ခုတွင် မေ ၄ ရက် နံနက်ပိုင်းက ဓါးကိုင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်(၃)ဦးနှင့် ဆရာ/ဆရာမ (၂)ဦး သေဆုံးခဲ့သည်။

ယင်းပြစ်မှုကျူးလွန်သူ သံသယတရားခံကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရသည်။
ဆန်တာကာတာနီးယားပြည်နယ် Saudadesမြို့ရှိ ကလေးထိန်းကျောင်းတစ်ခုတွင် လူငယ်အမျိုးသားတစ်ဦး ဓါးကိုင်အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ယင်းကျောင်းရှိဝန်ထမ်းနှင့်အနီးရှိနေထိုင်သူများက မေ ၄ ရက် မနက်ပိုင်းတွင် သတင်းပေးတိုင်ကြားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။ အချင်းဖြစ်ရပ်ကြောင့် ကလေးငယ်(၃)ဦးနှင့် ဆရာ/ဆရာမ(၂)ဦး သေဆုံးခဲ့ကြောင်း ၊ သံသယတရားခံသည် အသက် (၁၈)နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းဖက်သည့်အကြောင်းအရင်းကို လက်ရှိတွင် မသိရှိရသေးကြောင်း ဆိုသည်။

သံသယ တရားခံသည် အချင်းဖြစ်နေရာတွင် မိမိကိုယ်မိမိအဆုံးစီရင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းအား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း ဘရာဇီးမီဒီယာများက ဖော်ပြထားသည်။ သေဆုံးသွားသူများအတွက် (၃)ရက်ကြာ ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်မည်ဟု ဆန်တာကာတာနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ယင်းနေ့တွင့် ကြေညာခဲ့သည်။ (Xinhua)

———————————————-
(Chinese Version)
(社会)巴西一托儿所发生持刀行凶事件致5人死亡
2021-05-05 02:06:30
新华社圣保罗5月4日电(记者宫若涵)巴西南部圣卡塔琳娜州一所托儿所4日上午发生一起持刀行凶事件,导致3名幼儿和2名教师死亡,犯罪嫌疑人已被逮捕。
当地警方表示,圣卡塔琳娜州绍达迪斯市一所托儿所的员工和附近居民4日上午报警说,一名年轻男子闯入该托儿所并持刀行凶。这起事件造成3名幼儿和2名教师死亡。嫌疑人现年18岁,目前尚不清楚其行凶动机。
另据巴西媒体报道,嫌疑人在案发现场自杀未遂,现已被送往医院接受救治。圣卡塔琳娜州州长当天宣布,该州将为遇难者举行3天哀悼。(完)
图说1:5月4日,人们聚集在巴西南部圣卡塔琳娜州发生行凶事件的托儿所外。