Connect with us

ASEAN

COVID-19 ရောဂါကူးစက်မှု မြင့်တက်နေချိန်တွင် စင်္ကာပူနိုင်ငံက ကပ်ရောဂါထိန်းချုပ်ရေး အစီအမံများ တင်းကြပ်

စင်ကာပူနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းများက COVID-19 စစ်ဆေးရန် Swab ရယူနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

စင်္ကာပူ ၊ မေ ၅ ရက်(ဆင်ဟွာ)

ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါအခြေအနေနှင့်အညီ စင်္ကာပူနိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေး တင်းကြပ်သောအစီအမံများကို မေ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မေ ၇ ရက် ၂၃ နာရီ ၅၉ မိနစ်မှ စတင်၍ ကူးစက်မှုအန္တရာယ်မြင့်မားသော နိုင်ငံ သို့မဟုတ် ဒေသများမှ ရောက်ရှိလာသော ခရီးသွားများအားလုံးသည် သတ်မှတ်ထားသည့် Stay-Home အဆောက်အဦများတွင် ၁၄ ရက် အစား ၂၁ ရက် တည်းခိုနေထိုင်မှုသတိပေးချက်(Stay-Home Notice)ပြုလုပ်ရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မေ ၈ ရက်မှ ၃၀ ရက်အထိ နေအိမ်မှ အလုပ်လုပ်ကိုင်ခွင့် ရရှိသော အလုပ်သမားများအနက် ၅၀ ရာခိုင်နှုန်းကျော်ကို လုပ်ငန်းခွင်သို့ ပြန်သွားရန် ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်းအောက် လျော့နည်းနေသေးကြောင်း သိရသည်။

လူစုလူဝေးပမာဏကို လက်ရှိတွင် လူ ၈ ဦးနှင့်အထက် မှ ၅ ဦးအထိ လျှော့ချသွားမည် ဖြစ်သည်။ တစ်ရက်တွင် အိမ်ထောင်စုတစ်စုလျှင် ဧည့်သည် ၈ ဦး လက်ခံတွေ့ဆုံခွင့် သတ်မှတ်ထားချက်ကိုလည်း ၅ ဦးအထိ လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောအပတ်တွင် လူအုပ်စုအတွင်း ကူးစက်မှုများမှ လူနာသစ် ၆၀ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းနှင့်အတူ မကြာသေးမီက COVID-19 ရောဂါပြည်တွင်းကူးစက်မှု နှင့် ဆက်စပ်မှုမရှိသော လူအုပ်စုအတွင်း ဖြစ်ပွားမှု အရေအတွက်များသည် ဆက်လက်တိုးပွားလျက် ရှိကြောင်း သိရသည်။

“တခြားကူးစက်မှု မြင့်မားနိုင်တဲ့ နေရာတွေ နဲ့ မိုးလုံလေလုံအားကစားခန်းမလိုမျိုး လှုပ်ရှားမှုတွေ ၊ နှိပ်နယ်တာတွေ ၊ ရေပူစမ်း နဲ့ မျက်နှာအလှပြုပြင်တာမျိုး ကိုယ်ပိုင်ဝန်ဆောင်မှုတွေကို သတိဝီရိယရှိရှိနဲ့ ဆက်ပြီး စောင့်ကြည့်သွားပါမယ်။တကယ်လို့ လူအုပ်စုအကြား ကူးစက်မှု အခြေအနေတွေက မတိုးတက်လာဘူးဆိုရင် အဲဒီ ကူးစက်မှု မြင့်မားနိုင်တဲ့ နေရာတွေ နဲ့ လှုပ်ရှားမှုတွေကို ထပ်မံအရေးယူမှုတွင် လုပ်ဆောင်ဖို့ စဉ်းစားသွားမယ်။”ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ (Xinhua)

———————————————-
(Chinese Version)

Singapore tightens pandemic control measures amid rising COVID-19 infections

SINGAPORE, May 5 (Xinhua) — Singapore Tuesday rolled out a slew of tightened measures against COVID-19, in line with the local and global COVID-19 situation.
Starting from 2359 hours May 7, all new travelers arriving from higher risk countries or regions will be subject to 21-day Stay-Home Notice (SHN) instead of 14 days at dedicated SHN facilities, said the Ministry of Health in a statement.

Moreover, from May 8 to May 30, up to 50 percent of employees who are able to work-from-home are allowed to return to the workplace, down from the current 75 percent.
The size of social group will be reduced from the current up to eight persons to five persons. The cap of eight distinct visitors per household per day will also be reduced to five distinct visitors per household per day.

The number of locally transmitted COVID-19 cases and unlinked community cases has continued to increase recently, with a total of 60 new cases being identified within the community in the past week.

“We will remain vigilant and continue to monitor other higher-risk settings and activities such as indoor sports halls and personalised services such as massages, spas, and facials. If the community cases situation does not improve, we will consider taking further actions on these higher-risk settings and activities,” said MOH in the statement. Enditem