ပေကျင်း ၊ မေ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)က ပေးအပ်သော ပထမသုတ် ဆေးဘက်ဆိုင်ရာအထောက်အကူများသည် နီပေါနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့သို့ ယနေ့ မေ ၁၉ ရက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ မေ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ဆောက်လုပ်ရေးတိုးတက်မှုသည် ၇၃ ရာခိုင်နှုန်းရှိပြီး ယင်းရထားလမ်းအား ၂၀၂၂ အကုန်တွင် လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း မေ ၁၈ ရက်တွင်ပြောကြားသည်။
ရှန်ဟိုင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အွန်လိုင်း livestreaming ဝန်ဆောင်မှုအသုံးပြုသူ အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင် ၆၁၇ သန်းထိ ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ၏ livestreaming လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နယူးဒေလီ၊ မေ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနောက်ဘက် ကမ်းရိုးတန်းတစ်ခွင်ရှိ ပြည်နယ်များစွာ၌ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက မေ ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ မေ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ မေလ ၁၇ ရက်ဖော်ပြချက်အရ ဘိုင်ဒန်အစိုးရအနေဖြင့် တိကျစွာလမ်းညွှန်ပစ်ခတ်နိုင်သည့် လက်နက် (Precision-guided munition) များ အစ္စရေးနိုင်ငံအား ရောင်းချပေးသွားရန် ယခုလဆန်းပိုင်းက လွှတ်တော်သို့ အဆိုပြုခဲ့ပြီး ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့က ယင်းစစ်လက်နက်ရောင်းချခြင်းကြောင့် ပါလက်စတိုင်း-အစ္စရေး...