Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၉ ဦးသေဆုံး၊ လှေဖြင့်လိုက်ပါသွားသူ ၉၆ ဦး ပျောက်ဆုံးနေ

နယူးဒေလီ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနောက်ဘက် ကမ်းရိုးတန်းတစ်ခွင်ရှိ ပြည်နယ်များစွာ၌ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက မေ ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။တစ်ချိန်တည်းမှာပင် မွမ်ဘိုင်းမြို့ရှိ ကမ်းလွန်ရေနံမြေတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် လှေအမှတ် ၃၀၅ ဖြင့် လိုက်ပါသွားသူများအနက် ပျောက်ဆုံးနေသူ ၉၆ ဦးကို အိန္ဒိယ ရေတပ်က မေ ၁၈ ရက် နံနက်ပိုင်းက လိုက်လံရှာဖွေရေး လုပ်ဆောင်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆွမ်နတ်ခရိုင် အူနာမြို့အနီး တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လမ်းနံဘေးရှိ ပျက်စီးနေသည့် ဟိုတယ်ကို လူအများကြည့်ရှုနေကြစဉ် (ဓာတ်ပုံ- Str/Xinhua)

သတင်းများအရ မဟာရက်ရှ်ထရာနှင့် ကာနာတာကာ ပြည်နယ်များတွင် ၁၂ ဦး၊ ဂူဂျာရတ်ပြည်နယ်တွင် ၃ ဦး၊ ဂိုအာနှင့် ကီရာလာ ပြည်နယ်များ၌ ၂ ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆွမ်နတ်ခရိုင် အူနာမြို့အနီး တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အမြစ်ကျွတ်ထွက်၍ ပျက်စီးသွားသော သစ်ပင်များကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မေ ၁၇ ရက် ဒေသစံတော်ချိန် ည ၈:၃၀ နာရီက လေတိုက်နှုန်း တစ်နာရီလျှင် ၁၉၀ ကီလိုမီတာဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ရာ နေအိမ်နှင့် သစ်ပင်များ ပျက်စီးခဲ့ပြီး လူအများထွက်ပြေးခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆွမ်နတ်ခရိုင် အူနာမြို့အနီး တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပိတ်မိနေသော ထရပ်ကားအား လမ်းမပေါ်သို့ ကရိန်ကားဖြင့် ပြန်လည်ဆွဲတင်ရန် ကြိုးပမ်းနေစဉ် (ဓာတ်ပုံ- Str/Xinhua)

အာဏာပိုင်များက မုန်တိုင်းဒဏ်သင့်နေရာများမှ လူပေါင်းများစွာအား ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။အလွန်ဆိုးဝါး၍ စိန်ခေါ်မှုများသည့် အခြေအနေတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လူ ၁၁၇ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆွမ်နတ်ခရိုင် အူနာမြို့အနီး တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တံငါသည်များ၏ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

Mumbai high ရေနံမြေတွင် လှေအမှတ် P305 ဖြင့် လိုက်ပါသွားသူ ၂၇၃ ဦးအနက် ၉၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းများအရ သိရသည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆွမ်နတ်ခရိုင် အူနာမြို့အနီး တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လမ်းနံဘေးရှိ ပျက်စီးနေသည့် ဟိုတယ်ကို လူအများကြည့်ရှုနေကြစဉ် (ဓာတ်ပုံ- Str/Xinhua)

Mumbai high သည် အိန္ဒိယနိုင်ငံ Cambay ပင်လယ်ကွေ့ရှိ မွမ်ဘိုင်းမြို့ အနောက်ဘက်ကမ်းရိုးတန်းမှ ၁၇၆ ကီလိုမီတာ အကွာ၌ တည်ရှိသော ကမ်းလွန်ရေနံမြေတစ်ခု ဖြစ်သည်။ အဆိုပါ လှေသည် ဂူဂျာရတ် ကမ်းရိုးတန်းတွင် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်သော အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ နာရီအနည်းငယ်အကြာက မျောနေခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆွမ်နတ်ခရိုင် အူနာမြို့အနီး တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တံငါသည်များ၏ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ဂူဂျာရတ်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် နေအိမ် ၁၆,၅၀၀ ပျက်စီးခဲ့ပြီး သစ်ပင်ပေါင်း ၄၀,၀၀၀ အမြစ်မှကျွတ်ထွက်ခဲ့ကြောင်း၊ လူပေါင်း ၂၀၀,၀၀၀ မှာ နေရပ်မှ ရွှေ့ပြောင်းခဲ့ရကာ လူထောင်ပေါင်းများစွာမှာလည်း မုန်တိုင်းဒဏ်မှလွတ်မြောက်ရန် ကမ်းရိုတန်းရှိ ကျေးရွာများမှ ထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းသည် ကာနာတာကာပြည်နယ် ကမ်းရိုးတန်းနှင့် အခြားဒေသများ၌လည်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကျေးရွာ ၁၂၁ ရွာ မုန်တိုင်းဒဏ်သင့်ခဲ့ကာ နေအိမ် ၃၃၃ လုံး၊ လှေ ၁၀၄ စင်း ပျက်စီးခဲ့သလို သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်းမှင့် လျှပ်စစ်မီးတိုင်များလည်း ပြိုလဲခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက ငါးဖမ်းလှေများစွာအား ဆိပ်ကမ်းသို့ ပြန်ကပ်ရန် ပြောကြားထားပြီးဖြစ်သလို ကုန်သည်သင်္ဘောများစွာကိုလည်း လမ်းကြောင်းပြန်လှည့်ရန် ညွှန်ကြားထားကြောင်း၊ အမျိုးသား သဘာဝဘေး တုန့်ပြန်ရေးတပ်ဖွဲ့ (NDRF) အပြင် အိန္ဒိယ ကြည်းတပ်၊ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကိုလည်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် တပ်ဖြန့်ထားကြောင်း သိရသည်။

၎င်း ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံတစ်ဝန်း ဆေးရုံများ၌ COVID-19 ဒုတိယလှိုင်းကို ထိန်းသိမ်းရန် ရင်ဆိုင်နေရချိန်၌ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၂၆၃,၅၃၃ ဦးနှင့် သေဆုံးသူ ၄,၃၂၉ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အိန္ဒိယ အစိုးရ၏ သိပ္ပံပညာရပ်ဆိုင်ရာ ထိပ်တန်း အကြံပေး K Vijay Raghavan က နိုင်ငံတစ်ဝန်း လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါ တတိယလှိုင်းအတွက်လည်း မကြာသေးမီက သတိပေးထားခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

19 people killed, 96 onboard barge still missing as cyclone Tauktae batters India’s western coast

NEW DELHI, May 18 (Xinhua) — At least 19 people were killed and many others injured in several states across the western coast of India due to the impact of cyclone Tauktae, local media reported on Tuesday.

Meanwhile, the Indian Navy was launching a search operation to trace the 96 missing people who were onboard barge P305 that first went adrift and subsequently sank at an offshore oilfield in Mumbai on Tuesday morning.
According to reports, 12 people died in Maharashtra and Karnataka states, three in Gujarat state, two each in Goa and Kerala states were killed.

The cyclone Tauktae made landfall at 8:30 p.m. local time on Monday in India’s western Gujarat state with wind speeding gusting 190 km per hour, damaging houses and trees, and forcing people to flee.
Authorities have evacuated many people from the affected areas.

A Navy spokesperson said 177 people had been rescued as the search and rescue operation was undergoing in extremely challenging circumstances.

Reports said 273 people were onboard the P305 barge in Mumbai high and 96 were still missing.
Mumbai high is an offshore oilfield 176 km off the west coast of Mumbai in the Gulf of Cambay of India. The barge went adrift hours before the cyclonic storm with winds gusting up to 185 km per hour made landfall on the Gujarat coast.

Officials said the storm slammed Gujarat, damaging 16,500 houses and uprooting 40,000 trees. Over 200,000 people had been evacuated in advance, but tens of thousands more were forced to flee from coastal villages to escape the cyclone’s fury.

Tauktae hit Karnataka’s coast and other regions, affecting 121 villages and damaged 333 houses, 104 boats, besides uprooting trees and electricity poles.

Authorities had already asked thousands of fishing boats to return to the harbor, and ordered hundreds of merchant ships to re-route. It had deployed teams from the National Disaster Response Force (NDRF) as well as contingents of Indian army, navy and coast guard to carry out rescue work.

The cyclone came at a time when India is struggling to contain the second wave of COVID-19 that has overwhelmed hospitals across the country.

The health ministry said on Tuesday morning that 263,533 new cases and 4,329 related deaths were registered in the past 24 hours in India.

Top scientific adviser to the Indian government K Vijay Raghavan recently warned the country of a third wave of the ongoing pandemic. Enditem

1- Houses of fishermen damaged by the cyclonic storm Tauktae are seen near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)

2- People check a road-side hotel damaged by the cyclonic storm Tauktae near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)

3-Uprooted and damaged trees by the cyclonic storm Tauktae are seen near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)

4- A crane attempts to pull a trapped truck back to the road after it was hurled towards the huts by the cyclonic storm Tauktae near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)
5- Uprooted and damaged trees by the cyclonic storm Tauktae are seen near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)

6- People check a road-side hotel damaged by the cyclonic storm Tauktae near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)

7- Houses of fishermen damaged by the cyclonic storm Tauktae are seen near Una town, Somnath district of Gujarat state, India, on May 18, 2021. (Str/Xinhua)