ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ အချိန်တော်ကြာဖြစ်ပွားခဲ့ပြီး လက်ရှိ လုံခြုံရေးအခြေအနေသည် ယခင်ထက် ထိန်းသိမ်းနိုင်သော အနေအထားရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အန်ကာရာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဇူလိုင်၂၂ ရက်ညတွင် ဆီးရီးယားနိုင်ငံ ပိုင်နက်အတွင်းမှ ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် တူရကီနိုင်ငံ အရှေ့တောင်ဘက် Sanliurfa ပြည်နယ် တွင် အနည်းဆုံးလူ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအား ကျော်တက်ကာ ယခုနှစ် Fortune Global 500 စာရင်းတွင် ကုမ္ပဏီအရေအတွက်အများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) ဖမ်းဆီးထိန်းသိမ်းထားသည့် ဗြိတိန် ရေနံတင်သင်္ဘော အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သို့မဟုတ်ပါက အနောက်နိုင်ငံများ၏ ပင်လယ်ပြင်လှုပ်ရှားမှုကို ရင်ဆိုင်ရနိုင်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)က အီရန်ကို ဇူလိုင် ၂၂ ရက် တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းရေပိုင်နက်အပေါ်သို့ ကျူးကျော်ပျံသန်းလာသည့် ရုရှားစစ်လေယာဉ်တစ်စင်းအား တောင်ကိုရီးယား တိုက်လေယာဉ်များက ဇူလိုင်လ ၂၃ ရက်က သတိပေးပစ်ခတ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။