Connect with us

Asia

အီရန် နျူကလီးယားအရေး ညှိနှိုင်းမှု အသစ်တစ်ကြိမ် ဗီယင်နာတွင် ဆက်လက်ကျင်းပ

ဩစတြီးယားနိုင်ငံ ဗီယင်နာ၌ ဧပြီ ၂၇ ရက်ကျင်းပသည့် အီရန်နျူကလီးယား ဘက်စုံ သဘောတူညီချက်ဆိုင်ရာ ပူးတွဲကော်မတီ နိုင်ငံရေးညွှန်ကြားရေးမှူးချုပ်အစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ)

အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာဘက်ပေါင်းစုံ၏ အသစ်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို မေ ၁ ရက်က ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဆက်လက်ကျင်းပခဲ့သည်။ သဘောတူညီချက်တွင်ပါဝင်သည့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက မေလကုန်မတိုင်မီ လက်တွေ့ကျသည့်ရလဒ်ရချင်ကြကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုနေ့မနက်အစောပိုင်းတွင် ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့်ဗြိတိန် ကိုယ်စားလှယ်အဖွဲ့ အရာရှိများက အမေရိကန်အရာရှိနှင့် အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုများ လုပ်ခဲ့ရာ အီရန်ကိုယ်စားလှယ်မပါဝင်ခဲ့ကြောင်း ၊ အီရန်အနေဖြင့် အမေရိကန် သံတမန်နှင့်တွေ့ဆုံရန် မပြင်ဆင်ထားသေးကြောင်း ဗီယင်နာအခြေစိုက် အပြည်ပြည်ဆိုင်ရာအဖွဲ့ မှ ရုရှားကိုယ်စားလှယ် Mikhail Ulyanovက ဆိုသည်။

 ဩစတြီးယားနိုင်ငံ ဗီယင်နာ၌ ဧပြီ ၂၇ ရက်ကျင်းပသည့်  အီရန်နျူကလီးယား ဘက်စုံ သဘောတူညီချက်ဆိုင်ရာ ပူးတွဲကော်မတီ နိုင်ငံရေးညွှန်ကြားရေးမှူးချုပ်အစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

အီရန်၊အမေရိကန် နှစ်နိုင်ငံ သဘောတူညီချက်ပြန်လည်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုကို ဧပြီ လဆန်းပိုင်းမှစ၍ ဗီယင်နာတွင် ကျင်းပခဲ့သည်။ အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်းမဟုတ်ဘဲ အခြားတစ်ဖက်မှတစ်ဆင့် စကားလက်ကမ်းညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သည်။

AFP၏ သတင်းများအရ မေ ၁ ရက် ဆွေးနွေးပွဲသည် တတိယအကြိမ် ညှိနှိုင်းခြင်းဖြစ်ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ညှိနှိုင်းလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ လုပ်ငန်းအဖွဲ့ထပ်တိုးထားရှိ၍ နျူကလီးယားသဘောတူညီချက် ပြန်လည်အကောင်အထည် ဖော်ဆောင်ရွက်ရန် လက်တွေ့အစီအစဉ်များကို လေ့လာစေခဲ့ကြောင်း သိရသည်။

အီရန်နျူကလီးယားသဘောတူညီချက်နှင့်သက်ဆိုင်သူများက မေလကုန်မတိုင်မီ လက်တွေ့ကျသည့် ရလဒ်ရှိနိုင်ဖို မျှော်လင်ထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ရိုက်တာကို ပြောသည်။ အီရန်က ဇွန်လတွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇွန်လတွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီနိုင်ငံများနှင့်အတူ အီရန်နျူကလီးယားသဘောတူညီချက်ရရှိခဲ့သည်။ သဘောတူညီချက်အရ နျူကလီးယားအစီအစဉ်ကို အကန့်အသတ်နှင့် ဆောင်ရွက်ရန် အီရန်က ကတိကဝတ်ပြုခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းက အီရန်အပေါ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် သဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆုံမှုအသစ်များထပ်တိုး ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ အီရန်က နျူကလီးယားသဘောတူညီချက်ပါအချက်အချို့ကို လိုက်နာရန် တစ်ခုပြီးတစ်ခု ရပ်တန့်ခဲ့သော်လည်း အခြေအနေ ပြန်လည်ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။ (Xinhua)

—————————————
(Chinese Version)
新一轮伊核谈判在维也纳继续进行

 新华社北京5月2日电(记者王宏彬)伊朗核问题全面协议相关方5月1日在奥地利首都维也纳继续展开新一轮会谈。不愿公开姓名的知情人士披露,相关方希望谈判在5月底前达成切实成果。
 俄罗斯常驻维也纳国际组织代表米哈伊尔•乌里扬诺夫说,当天早些时候,俄罗斯、中国、法国、德国和英国代表团官员与美国官员举行非正式磋商,伊朗代表不在场,“伊朗方面还没准备好面见美国外交官”。 
为讨论美伊两国恢复履约问题,伊核协议相关方4月初开始在维也纳举行会谈。伊朗与美国代表团没有面对面谈,而是经由其他方“传话”间接谈判。
按照法新社说法,5月1日的会谈为第三轮谈判。与会方先前决定加速谈判进程,增设工作组来研究恢复履行伊核协议的“务实安排”。
不愿公开姓名的知情人士告诉路透社,伊核协议相关方希望在5月底前达成切实成果。伊朗定于6月举行总统选举。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。

 这是4月27日在奥地利维也纳拍摄的伊朗核问题全面协议联合委员会新一轮政治总司长级会议现场。(新华社发,欧盟驻维也纳代表团供图)