Connect with us

CHINA

တရုတ်နိုင်ငံ၌ မေ ၁ ရက်တွင် ခရီးစဉ်ပေါင်း ၅၆ သန်းကျော်ရှိခဲ့ဟု ခန့်မှန်း

တရုတ်နိုင်ငံ၌ ပြည်တွင်း ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂ ရက်(ဆင်ဟွာ)

၅ ရက်ကြာ မေဒေး(May Day) အားလပ်ရက်စတင်သည့် မေ ၁ ရက်တွင် တရုတ်ခရီးသွားများသည် ခန့်မှန်းခြေအားဖြင့် ပြည်တွင်းခရီးစဉ်ပေါင်း ၅၆ ဒသမ ၃၇ သန်း သွားရောက်ခဲ့ကြောင်း မေ ၁ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယင်းအားလပ်ရက် ကိန်းဂဏန်းသည် ၁၁၁ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။ထိုနေ့တွင် လေကြောင်းလိုင်းများသည် ခရီးစဉ် ၁ ဒသမ ၈၉ သန်းဝန်းကျင်အား သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။ အဝေးပြေးယာဉ်သွားလာမှုသည် ခရီးစဉ်ပေါင်း ၃၆ သန်းထိ ရှိခဲ့ကြောင်း သိရသည်။

 တရုတ်နိုင်ငံ၌ ပြည်တွင်း ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ) 

 တရုတ်နိုင်ငံ၌ ပြည်တွင်း ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ) 

 တရုတ်နိုင်ငံ၌ ပြည်တွင်း ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ) 

ရထားခရီးစဉ်များသည် မေ ၁ ရက်တွင် ၁၈ ဒသမ ၃ သန်း ရှိခဲ့ကာ ၂၀၁၉ ခုနှစ် အဆင့်မှ ၆ ဒသမ ၁ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ဖွယ်ရှိပြီး ယင်းမှာ တစ်ရက်အတွင်းအများဆုံးသွားလာမှု စံချိန်တင်ပမာဏဖြစ်ကြောင်း China State Railway Group ကုမ္ပဏီထံမှ သိရသည်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် လူသိများကြသည့် မေဒေးနေ့အား တရုတ်နိုင်ငံ၌ မေလ ၁ ရက်တွင် သတ်မှတ်ခဲ့သည်။ယခုနှစ်အတွက် အားလပ်ရက်မှာ စနေနေ့မှ လာမည့် ဗုဒ္ဓဟူးနေ့အထိ ဖြစ်ပြီး အများစုသည် အားလပ်ရက်ကို ခရီးသွားလာခြင်း အသုံးပြုရန် ရွေးချယ်ကြကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
China estimates over 56 million May 1 trips
BEIJING, May 1 (Xinhua) — It is estimated that Chinese travelers made 56.37 million domestic trips on May 1, the start of the five-day May Day holiday, official data showed Saturday.
Compared with the same period last year, this holiday figure surged by 111.5 percent, the Ministry of Transport said.
The ministry estimated that airlines handled nearly 1.89 million passenger trips on the same day. The flow of highway traffic amounted to 36 million trips.
Railway trips will likely rise by 6.1 percent from the 2019 level to reach 18.3 million on May 1, which might set a single-day record, said the China State Railway Group Co., Ltd.
May Day, also known as International Workers’ Day, is observed on May 1 in China. As the holiday lasts from Saturday to next Wednesday this year, many choose to spend the holiday traveling. Enditem