ဂျေရုဆလင်၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မေ ၁၃ ရက်နေ့ တွင် အသက် ၈၇ နှစ်အရွယ်ရှိ အစ္စရေးအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ဆုံးဖြစ်ပွားလျက်ရှိသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် အစ္စရေးဘက်မှ စုစုပေါင်း သေဆုံးသူ ၈ ဦးရှိလာကြောင်း သိရသည်။ ယင်းအမျိုးသမီးသည်...
ရီယိုဒီဂျနေးရိုး၊ မေ ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၂,၃၈၃ ဦး ရှိခဲ့သဖြင့် မေ ၁၃ ရက်တွင် ကပ်ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၄၃၀,၄၁၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဂါဇာ၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည့် ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ မေ ၁၃ ရက်၌ ၁၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်မသက်ဆိုင်သော်လည်း အင်တာနက်ရာဇဝတ်မှုကျူးလွန်မှုနှင့်ပတ်သတ်ပြီး ရုရှားသမ္မတ ပူတင်နှင့် အချိန်မီတွေ့ဆုံပြောကြားသွားလိုကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်သက်ဆိုင်သည်ဟု အမေရိကန်အနေဖြင့်...
တိုကျို၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီဒဲ (Suga Yoshihide) က၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများအား ယခုနှစ် နွေရာသီတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။ ဆူဂါက...