Connect with us

INTERNATIONAL ORGANIZATION

ဘရာဇီးနိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူ ၄၃၀,၀၀၀ ကျော်ရှိလာ

ရီယိုဒီဂျနေးရိုး၊ မေ ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၂,၃၈၃ ဦး ရှိခဲ့သဖြင့် မေ ၁၃ ရက်တွင် ကပ်ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၄၃၀,၄၁၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။စစ်ဆေးမှုများတွင် ထပ်မံကူးစက်ခံရသူပေါင်း ၇၄,၅၉၂ ဦး ရှိပြီး တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူပေါင်း ၁၅,၄၃၃,၉၈၉ ဦးရှိလာကြောင်း ဝန်ကြီးဌာနမှ သိရသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် COVID-19 ရောဂါဖြင့် သေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး COVID-19 ဖြစ်ပွားမှုနှုန်းမှာ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံပြီးပါက တတိယကူးစက်မှုအများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ဒုတိယလှိုင်းကူးစက်မှုနှင့် ရင်ဆိုင်နေရပြီး ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု မြင့်တက်လျက်ရှိကာ ဆေးရုံများ၌ တစ်ဟုန်ထိုးမြင့်တက်လာသည့် လူနာများဖြင့် ပြည့်နှက်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘရာဇီးနိုင်ငံတွင် သေဆုံးမှုနှုန်းမှာ လူ ၁၀၀,၀၀၀ လျှင် ၂၀၄.၈ ဦး သေဆုံးကြောင်းနှင့် ရောဂါဖြစ်ပွားမှုနှုန်းမှာ လူ ၁၀၀,၀၀၀ လျှင် ၇,၃၄၄.၄ ဦး ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၌ မေ ၁၂ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၅၅.၈ သန်း ရှိပြီး ၎င်းတို့အနက် လူဦးရေ ၃၇.၁၉ သန်း မှာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်ပြီး ၁၈.၆၅ သန်းမှာ အပြည့်အဝ ကာကွယ်ဆေးထိုးနှံခဲ့ပြီးသူများဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။ (Xinhua)
…………………………………………
(English Version)

Brazil’s COVID-19 death toll tops 430,000
RIO DE JANEIRO, May 13 (Xinhua) — Brazil’s pandemic death toll rose to 430,417 on Thursday, after 2,383 more people died from COVID-19 in the past 24 hours, said the Health Ministry.
Tests detected 74,592 new cases, taking the national count to 15,433,989, said the ministry.
Brazil has the world’s second-highest COVID-19 death toll, after the United States, and the third-largest caseload, behind the United States and India.
The country is seeing a second wave of outbreak in 2021, resulting in an increase in cases and deaths, and surging COVID-19 patients have overwhelmed numerous hospitals.
According to the ministry, Brazil now has a death rate of 204.8 per 100,000 inhabitants and an incidence rate of 7,344.4 per 100,000.
Local media reported that as of Wednesday, 55.8 million people had been vaccinated against COVID-19 in Brazil with 37.19 million having received the first dose and 18.65 million fully vaccinated. Enditem