Connect with us

Africa & Middle East

အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက် ၁၀၀ ကျော်ရှိလာ

ဂါဇာ၊ မေ ၁၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည့် ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ မေ ၁၃ ရက်၌ ၁၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။မေ ၁၀ ရက်မှစ၍ ပါလက်စတိုင်း ကမ်းရိုးတန်းနယ်မြေပေါ်သို့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ပစ်ခတ်မှုများကြောင့် သေဆုံးသူများတွင် ကလေးငယ် ၂၇ ဦးနှင့် အမျိုးသမီး ၁၁ ဦးပါဝင်ပြီး အခြားသူ ၅၈၀ လည်း ဒဏ်ရာရရှိခဲ့ကြောင်း Islamic Resistance Movement (Hamas) ၏ ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ဘက်၊ ရာဖာမြို့ရှိ ဆေးရုံ၏ ရင်ခွဲရုံတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသူများအား ထားရှိသည့် အအေးခန်းများအနီး ပါလက်စတိုင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မေ ၁၃ ရက် ညနေပိုင်းတွင် al-Qassam တပ်မဟာများဟု လူသိများသည့် Hamas ၏ လက်နက်ကိုင်တပ်ဖွဲ့နှင့် အခြားသော လွှမ်းမိုးမှုနည်းသည့် စစ်သွေးကြွအုပ်စုများက ဂါဇာကမ်းမြောင်မှ အစ္စရေးဘက်အခြမ်းသို့ ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ဘက်၊ ရာဖာမြို့ရှိ ဆေးရုံ၏ ရင်ခွဲရုံတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသူ ဆွေမျိုးများအတွက် ဝမ်းနည်းပူဆွေးနေသော ပါလက်စတိုင်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က ယင်းနေ့နှောင်းပိုင်းတွင် Beit Hanoun မြို့နှင့် ဂါဇာဒေသမြောက်ပိုင်းရှိ Jabalia နယ်မြေ၌ ဝေဟင်နှင့် မြေပြင် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကာ လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ဘက်၊ ရာဖာမြို့ရှိ ဆေးရုံတစ်ရုံတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

Al-Qassam တပ်မဟာများက ၎င်း၏ စစ်သွေးကြွများကလည်း မေ ၁၀ ရက်မှစ၍ အစ္စရေးနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့များသို့ ဒုံးကျည်အစင်းပေါင်း ၁,၇၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ပြောခဲ့သည်။

ထို့ပြင် အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားရာတွင် မေ ၁၀ ရက်၌ တိုက်ခိုက်မှုများ စတင်ချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသရှိ မတူညီသောပစ်မှတ် ၇၅၀ အား အစ္စရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သတင်းများအရ အစ္စရေးအစိုးရသည် ဂါဇာဒေသတွင် အကြီးစားမြေပြင်ထိုးစစ်ဆင်မှု ဆောင်ရွက်ရန်အတွက် အစီအစဉ်တစ်ရပ်ကို မူကြမ်းရေးဆွဲနေပြီး ၂၀၁၄ ခုနှစ်တွင် ဆင်နွှဲခဲ့သည့်တိုက်ပွဲနှင့် အလားသဏ္ဍာန်တူစွာပင် အစ္စရေးနှင့် ဂါဇာစစ်သွေးကြွများအကြား တင်းမာမှုသည် အရှိန်မြင့်လာဖွယ်ရှိကြောင်းသိရသည်။

၂၀၁၄ ခုနှစ်မှစ၍ အဆိုးဝါးဆုံးဖြစ်ခဲ့သော အစ္စရေးနှင့် ပါလက်စတိုင်းအကြား နောက်ဆုံးပြင်းထန်သောပဋိပက္ခလှိုင်းသည် အငြင်းပွားမှုဖြစ်ပွားနေသော အရှေ့ပိုင်းဂျေရုဆလင် ရပ်ကွက်တစ်ခုမှ ပါလက်စတိုင်း မိသားစုအချို့ကို နှင်ထုတ်မည့် အစ္စရေး အစီအစဉ်တစ်ရပ်ကြောင့် အဓိကဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Palestinian death toll from Israel’s Gaza strikes exceeds 100

GAZA, May 13 (Xinhua) — The death toll of Palestinians killed in Israel’s strikes on the Gaza Strip climbed to 103 on Thursday, as the Israeli-Palestinian clashes continued unabated.
The death toll included 27 children and 11 women, while 580 others have been wounded by the Israeli airstrikes and artillery shellings on the Palestinian coastal enclave since Monday, according to the Health Ministry run by the Islamic Resistance Movement (Hamas).

On Thursday evening, the armed wing of Hamas, known as al-Qassam Brigades, and other less-influential militant groups fired barrages of rockets from the Gaza Strip into Israel.
Eyewitnesses said the Israeli military in the late afternoon intensified its air and ground strikes in the town of Beit Hanoun and the Jabalia area in northern Gaza, leaving at least 11 Palestinians killed and dozens of others wounded.

The al-Qassam Brigades said its militants had fired more than 1,700 rockets at northern, central and southern Israeli towns since Monday.
Meanwhile, an Israeli military spokesman said Israeli troops had struck 750 different targets in the Gaza Strip since the fighting began on Monday.
The tension between Israel and Gaza militants threatens to further escalate as the Israeli government is reportedly drafting a plan for a possible large-scale ground offensive in Gaza, similar to the one waged in 2014.

The latest wave of violent clashes between Israel and the Palestinians, the worst since 2014, was mainly sparked by an Israeli plan to evict some Palestinian families from a neighborhood in the disputed East Jerusalem. Enditem
1-A Palestinian child injured in Israeli airstrikes is treated at a hospital in the southern Gaza Strip city of Rafah, on May 13, 2021. The death toll of Palestinians killed in Israel’s strikes on the Gaza Strip climbed to 103 on Thursday, as the Israeli-Palestinian clashes continued unabated. (Photo by Khaled Omar/Xinhua)
2-A Palestinian medical worker stands by refrigerators containing victims killed in Israeli airstrikes at a hospital morgue in the southern Gaza Strip city of Rafah, on May 13, 2021. The death toll of Palestinians killed in Israel’s strikes on the Gaza Strip climbed to 103 on Thursday, as the Israeli-Palestinian clashes continued unabated. (Photo by Khaled Omar/Xinhua)
3-A Palestinian mourns his relatives killed in Israeli airstrikes at a hospital morgue in the southern Gaza Strip city of Rafah, on May 13, 2021. The death toll of Palestinians killed in Israel’s strikes on the Gaza Strip climbed to 103 on Thursday, as the Israeli-Palestinian clashes continued unabated. (Photo by Khaled Omar/Xinhua)
4-A Palestinian child injured in Israeli airstrikes is treated at a hospital in the southern Gaza Strip city of Rafah, on May 13, 2021. The death toll of Palestinians killed in Israel’s strikes on the Gaza Strip climbed to 103 on Thursday, as the Israeli-Palestinian clashes continued unabated. (Photo by Khaled Omar/Xinhua)