Connect with us

Africa & Middle East

ဂါဇာမှဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၈၇ နှစ် အရွယ်ရှိ အစ္စရေး အမျိုးသမီးတစ်ဦးသေဆုံး

ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အစ္စရေးအလယ်ပိုင်း Holon မြို့တွင် ထိခိုက်ဒဏ်ရာရရှိသည့် အစ္စရေး အမျိုးသားတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-- Gideon Markowicz/JINI via Xinhua)

ဂျေရုဆလင်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မေ ၁၃ ရက်နေ့ တွင် အသက် ၈၇ နှစ်အရွယ်ရှိ အစ္စရေးအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ဆုံးဖြစ်ပွားလျက်ရှိသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် အစ္စရေးဘက်မှ စုစုပေါင်း သေဆုံးသူ ၈ ဦးရှိလာကြောင်း သိရသည်။

ယင်းအမျိုးသမီးသည် Ashdod မြို့အနီး Shtulim ရပ်ကွက်မှ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံများကြောင့် အကာအကွယ်နေရာသို့ ပြေးသွားစဉ်တွင် ဦးခေါင်းထိမှန်ခဲ့ရကြောင်း အစ္စရေးနိုင်ငံ၏ Magen David Adom အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုက ပြောကြားသည်။

၂၀၀၇ ခုနှစ်ကစ၍ ဟာမက်စ်အုပ်ချုပ်ခဲ့သော ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးက တိုက်ခိုက်မှုများစတင်ခဲ့သည့် မေ ၁၀ ရက်နောက်ပိုင်းတွင် ယင်းအမျိုးသမီးသည် ၈ ဦးမြောက် အစ္စရေးသေဆုံးသူ ဖြစ်လာကြောင်း သိရသည်။

မေ ၁၀ ရက်မှ စ၍ ဂါဇာပါလက်စတိုင်းစစ်သွေးကြွများမှ အစ္စရေးဘက်သို့ အနည်းဆုံး ဒုံးကျည် ၁,၇၅၀ စင်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်ဘက်မှ သိရသည်။ ဒုံးကျည် ၃၀၀ ခန့်မှာ အစ္စရေးနိုင်ငံဘက်သို့ မရောက်ရှိနိုင်ခဲ့ကြောင်းနှင့် ဒုံးခွင်းဒုံးစနစ်သည် အခြားဒုံးကျည်အများစုကို ကြားဖြတ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးဘက်မှ ဝန်းရံပိတ်ဆို့ထားသည့် ပါလက်စတိုင်းနယ်မြေအား အမြှောက်များနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားအလားရှိသော မြေပြင်ထိုးစစ်ဆင်မှုများအတွက် ပြင်ဆင်မှုများအနေဖြင့် ဂါဇာနှင့် အစ္စရေးအကြားခွဲခြားထားသည့် နယ်စပ်ခြံစည်းရိုးနားတွင် အစ္စရေးဘက်မှ အရန်တပ်ဖွဲ့ဝင် ၉,၀၀၀ ခန့်နှင့် တပ်ဖွဲ့ဝင်များစွာတို့ဖြင့် နေရာချထားကြောင်း သိရသည်။

ဂါဇာတွင် ပါလက်စတိုင်းပြည်သူ ၁၀၃ ဦးသည် အစ္စရေးဘက်မှ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟာမက်စ် ကျန်းမာရေးဝန်ကြီးဌာနမှ ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။ (Xinhua)

————————————
(English Version)
87-year-old Israeli woman killed by Gaza rocket attack
JERUSALEM, May 13 (Xinhua) — An 87-year-old Israeli woman died in a rocket attack from the Gaza Strip on Thursday, bringing to eight the death toll of Israelis killed in the latest Israeli-Palestinian conflict.
The woman, from the community of Shtulim near the city of Ashdod, was hit in the head when running to the shelter as air raid sirens were sounded, said Israel’s Magen David Adom emergency health service.
She became Israel’s eighth victim since Monday when the country launched attacks on the Gaza Strip, ruled by Hamas since 2007.
At least 1,750 rockets have been fired by Gaza Palestinian militants toward Israel since Monday, according to the Israeli military. About 300 of the rockets failed to reach Israel, and the anti-rocket Iron Dome system intercepted most of the other rockets.
In Gaza, Israel continued to pound the besieged Palestinian enclave with more airstrikes and shellings.
Israel also called up some 9,000 reservists and massed forces near the border fence separating Gaza and Israel, in reported preparations for a possible ground offensive.
A total of 103 Palestinians in Gaza have been killed in the Israeli assaults, according to the figures issued by the Hamas-ruled Health Ministry in Gaza. Enditem
Photo-An Israeli man injured after a rocket from the Gaza strip landed is evacuated in central Israeli city of Holon, on May 11, 2021.(Gideon Markowicz/JINI via Xinhua)