နန်ကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ Gulou ခရိုင်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံပေးသောနေရာတွင် ကာကွယ်ဆေးထိုးနှံနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ Gulou ခရိုင်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံပေးသောနေရာတွင် ကာကွယ်ဆေးထိုးနှံရန်...
ရာဘတ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးခွဲဝေမှုအစီအစဥ် COVAX မှတဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ဧပြီ ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဆန်တီယာဂို၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ၌ ဧပြီ ၈ ရက်တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူပေါင်း ၈,၁၉၅ ဦးရှိခဲ့သဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နေ့စဥ်ကူးစက်ခံရသူအရေအတွက်အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၀၅၁,၂၇၀ ဦး ရှိလာကြောင်း သိရသည်။
ကွီတို၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှ ကာကွယ်ဆေး ပထမအသုတ်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထိုက်ယွမ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လေ့လာရေးဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဧပြီ ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။