Connect with us

WORLD

မော်ရိုကိုနိုင်ငံတွင် COVAX အစီအစဉ်မှတဆင့် COVID-19 ကာကွယ်ဆေးများ လက်ခံရရှိ

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကျောင်းသူတစ်ဦးထံမှ Covid-19 စစ်ဆေးရန် တို့ဖတ်နမူနာ ရယူစဉ် (ဆင်ဟွာ)

ရာဘတ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးခွဲဝေမှုအစီအစဥ် COVAX မှတဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ဧပြီ ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မော်ရိုကိုနိုင်ငံအနေဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း ကာကွယ်ဆေးများ ထပ်မံရရှိမည်ဖြစ်ကြောင်းဖော်ပြထားပြီး အဆိုပါအစီအစဥ်မှ ရရှိသည့် ကာကွယ်ဆေးများနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိကြောင်းသိရသည်။

တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး ပထမဆုံးအကြိမ်ရောက်ရှိလာပြီးနောက် ဇန်နဝါရီလကုန်တွင် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးသည့် အစီအစဉ်အား စတင်ခဲ့ကြောင်းသိရသည်။

နိုင်ငံအတွင်းတွင် ဧပြီ ၈ ရက်အထိ လူဦးရေ ၄,၄၃၃,၉၃၉ ဦးအား ပထမတစ်ကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ၄,၀၇၅,၂၉၀ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မော်ရိုကိုနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၀၀,၃၂၃ ဦးရှိပြီး သေဆုံးသူ ၈,၈၇၃ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၄၈၆,၉၁၃ ဦးရှိကြောင်း သိရသည်။

COVAX သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ၎င်း၏ မိတ်ဖက်များက အတူတကွဦးဆောင်ကာ COVID-19 ကာကွယ်ဆေးများအား သာတူညီမျှ ရရှိစေရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဥ်တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Morocco receives COVID-19 vaccine through COVAX
RABAT, April 9 (Xinhua) — Morocco on Thursday received the first batch of COVID-19 vaccines through the global vaccine-sharing facility COVAX, the Ministry of Health said.
Additional doses will be allocated to the country in the coming weeks, said the ministry in a statement, without giving further details about the vaccine Morocco received under this program.
The country launched a nationwide vaccination campaign at the end of January, after the arrival of the first shipment of China’s Sinopharm vaccines.
As of Thursday, 4,433,939 people in the country have received the first shot, and 4,075,290 have received the second dose.
COVID-19 infections in Morocco have reached 500,323, with 8,873 deaths and 486,913 recoveries.
COVAX is a global initiative aimed at equitable access to COVID-19 vaccines, co-led by the World Health Organization and its partners. Enditem

Photo- A medical worker wearing protective equipment takes a swab sample from a student for a COVID-19 test in Rabat, Morocco, Jan. 12, 2021. (Photo by Chadi/Xinhua)