Connect with us

WORLD

ချီလီနိုင်ငံတွင် နေ့စဥ် COVID-19 ရောဂါဖြစ်ပွားမှု စံချိန်သစ်တင်မြင့်တက်

ကျန်းမာရေးဝန်ထမ်းများက COVID-19 လူနာအား ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရှိ San Jose ဆေးရုံသို့ သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ၌ ဧပြီ ၈ ရက်တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူပေါင်း ၈,၁၉၅ ဦးရှိခဲ့သဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နေ့စဥ်ကူးစက်ခံရသူအရေအတွက်အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၀၅၁,၂၇၀ ဦး ရှိလာကြောင်း သိရသည်။

တစ်နိုင်ငံလုံး၌ တစ်ရက်တည်းတွင် ကူးစက်ခံရသူပေါင်း ၈,၀၀၀ ကျော်ခဲ့ခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ ၂၄ နာရီအတွင်း သေဆုံးသူ ၁၈၃ ဦး ရှိပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံးသူ ၂၃,၉၇၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံအနေဖြင့် တင်းကျပ်စွာ ကန့်သတ်ထားသော အစီအမံများ ချမှတ်ထားရပြီး အလွန်ရှုပ်ထွေးသော အခြေအနေကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Paula Daza က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် လက်ရှိတွင် quarantine ဝင်နေရပြီး နယ်စပ်များကို ပိတ်ထားကာ ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ကုန်သွယ်ခြင်းကို ကန့်သတ်ထားရကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်၏ လက်ထောက်အတွင်းရေးမှူး Alberto Dougnac က အတွင်းလူနာများ၏ အသက်ပိုင်းအခြားသည် မကြာသေးမီလများတွင် ပြောင်းလဲလာခဲ့ကြောင်း၊ အသက် ၃၉ နှစ် အောက် အုပ်စုသည် အသက် ၇၀ ကျော်အုပ်စုထက် အရေအတွက်ပိုမိုများပြားလျက်ရှိပြီး ပထမလှိုင်းနှင့် နှိုင်းယှဉ်ပါက ကြီးမားစွာပြောင်းလဲမှုဖြစ်ပေါ်လျက်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။

ချီလီနိုင်ငံတွင် ယနေ့အထိ လူဦးရေ ၇.၂ သန်းအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၄.၃ သန်းမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Chile registers record daily increase in COVID-19 cases
SANTIAGO, April 8 (Xinhua) — Chile reported 8,195 new COVID-19 cases on Thursday, the highest daily count since the outbreak, taking the national tally to 1,051,270.
It was the third time that more than 8,000 news cases had been reported nationwide on a single day. With 183 deaths being reported in the last 24 hours, the national death toll amounted to 23,979.
Deputy Health Minister Paula Daza said at a press conference that the country was experiencing a “very complex” situation, under which “tough” and “restrictive” measures were imposed.
Over 80 percent of the country’s population is currently in quarantine and the country has closed its borders and restricted trade in goods and services.
Undersecretary of Healthcare Networks Alberto Dougnac warned that the inpatients’ age range has changed in recent months, with the under-39 group outnumbering the over-70 group, marking a “radical change compared to the first wave.”
Chile has vaccinated 7.2 million people to date, with 4.3 million having received the second dose. Enditem

Photo- Health workers transport a COVID-19 patient at San Jose Hospital in Santiago, Chile, May 20, 2020. (Photo by Jorge Villegas/Xinhua)