နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိကလေကြောင်းလိုင်း Spicejet တွင် လုပ်ကိုင်နေသော နည်းပညာရှင်တစ်ဦးမှာ ဇူလိုင်လ ၁၀ ရက်အစောပိုင်းက အလုပ်လုပ်နေစဉ် လေယာဉ်၏အဆင်းဂီယာတံခါးတွင် ပိတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
မော်စကို ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ သမ္မတ ပူတင် က မိမိ အနေဖြင့် ရုရှား နှင့် ဂျော်ဂျီယာ နှစ်နိုင်ငံ ဆက်ဆံရေး အား ရှုပ်ထွေးစေမည့် မည်သည့် ဆုံးဖြတ်ချက် ကို မှ ချမှတ် မည်...
ဘန်ကောက် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ် Tak တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရွှံ့နွံ့များ ပြိုကျမှုများ ဖြစ်ပွားပြီးနောက် ကျောင်းသား နှင့် ဆရာများ သောင်တင်နေကြောင်း ထိုင်းရုပ်မြင်သံကြားက ဇူလိုင် ၉ ရက်တွင် ရိုက်ကူး ပြသမှုများ အရ...
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်းရှိ ဒေသခံ၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ဇူလိုင် ၉ ရက်၌ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။