Connect with us

WORLD

ဗီဇပြောင်းဗိုင်းရပ်စ်ပြန့်ပွားလာခြင်းကြောင့် ဂျပန်တွင် ကပ်ရောဂါ စတုတ္ထလှိုင်း ကျရောက်မည်ကို စိုးရိမ်နေရ

ဂျပန်နိုင်ငံ တိုကျိုမြို့ ၏ မြင်ကွင်းတစ်နေရာအား ဧပြီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ဂျပန်နိုင်ငံ Osaka စီရင်စုနှင့်၎င်းအနီးဒေသများတွင် လျင်မြန်စွာ ပြန့်ပွားလျက်ရှိရာ လူအများက ကပ်ရောဂါစတုတ္ထလှိုင်းကျရောက်မည်ကို စိုးရိမ်လျက်ရှိသည်။

Osaka စီရင်စုတွင် ဧပြီ ၃ ရက်က တစ်ရက်အတွင်း ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၆၆၆)ဦး စံချိန်တင်တွေ့ရှိခဲ့ရပြီး ဧပြီ ၅ ရက်တွင် (၃၄၁)ဦးရှိခဲ့ရာ တစ်ရက်အတွင်းထပ်တိုးအတည်ပြုလူနာ ဦးရေသည် (၇)ရက်ဆက်တိုက် တိုကျိုမြို့ထပ်များခဲ့ကြောင်း သိရသည်။ ယခုရက်သတ္တပတ်အတွင်း Osaka စီရင်စု၌ ထပ်တိုးအတည်ပြုလူနာ (၃,၈၆၀)ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည့်အပတ်၏ ၂ ဆဖြစ်ခြင်းကြောင့် ကူးစက်မှုနှုန်း သိသိသာသာ လျင်မြန်တိုးတက်လာခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကာကွယ်ဆေးထိုးပေးနေသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Osaka နှင့်ကပ်လျက်ရှိ Nara စီရင်စုတွင် ဧပြီ ၅ ရက်က ထပ်တိုးလူနာ (၇၁)ဦးရှိရာ ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ အမြင့်ဆုံး စံချိန်ဖြစ်ခဲ့သည်။Osakaစီရင်စုတွင် မတ် ၂၁ ရက်မှ ၂၇ ရက်အတွင်း ထပ်တိုးလူနာများကို စစ်ဆေးခဲ့ရာ (၆၇)ရာခိုင်နှုန်းသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်းဖြစ်ပြီး ယင်းအနီးရှိ Wakayamaစီရင်စုတွင် မတ် ၂၉ ရက်အထိ တစ်ပတ်အတွင်း ထပ်တိုးအတည်ပြုလူနာများကို စစ်ဆေးကြည့်ရာတွင် ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှု (၆၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကပ်ရောဂါအခြေအနေ ဆိုးဝါးလာခြင်းကြောင့် တိုကျိုအိုလံပတ် မီးတိုင်လက်ဆင့်ကမ်းပွဲကို Osakaတွင် ဖျက်သိမ်းခဲ့သည်။ ၎င်းဒေသနှင့်အနီးရှိ Hyogoစီရင်စု၊ အရှေ့မြောက်ပိုင်း Miyagiတွင် ဧပြီ ၅ ရက်မှစ၍ ရောဂါကာကွယ်ရေးအဓိကနည်းလမ်းများဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်များကို စစ်ဆေးပြီး လေဝင်လေထွက်ကောင်းအောင်ထားရှိစေခြင်း၊ အကြားအကာအကွယ်ထားရှိစေခြင်း၊ ဆိုင်ဖွင့်ချိန်လျှော့ချခြင်းစသည့် ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တစ်လကြာ ကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်လူနာ အဆမတန်တိုးပွားမှုကြောင့် ဆေးကုသမှုစနစ်မပြိုလဲသွားစေရန် အခုရက်ပိုင်းအတွင်း ဆေးကုသပေးမှုဆိုင်ရာ အရေးပေါ်အခြေအနေကြေညာသွားမည်ဟု Osakaစီရင်စု အုပ်ချုပ်ရေးမှူးHirofumi Yoshimuraက ပြောကြားခဲ့သည်။ အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် ဆေးရုံဌာနများတွင် ရောဂါပြင်းထန်သည့် ကိုဗစ်လူနာများလက်ခံကုသနိုင်ရန် လူနာကုတင်များလုံလောက်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားနိုင်ကြောင်း သိရသည်။ ဧပြီ ၄ ရက်အထိ Osakaတွင် လူနာကုတင်အသုံးပြုမှုနှုန်း (၆၀.၃)ရာခိုင်နှုန်းရှိရာ အရေပေါ်အခြေအနေကြေညာမည့် လူနာတင်ကုတင်အသုံးပြုမှုနှုန်း (၇၀)ရာခိုင်နှုန်း ရောက်ရန် နီးကပ်လျက်ရှိသည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ ကူးစက်နိုင်စွမ်းများခြင်း၊ ဂျပန်တွင် ကာကွယ်ဆေးထိုးမှုလုပ်ငန်းများ နှေးကွေးခြင်းကြောင့် စတုတ္ထကပ်ရောဂါလှိုင်းကျရောက်မည်ကို လူအများက စိုးရိမ်လျက်ရှိသည်။ လက်ရှိ ဂျပန်တွင် ကာကွယ်ဆေးကို ဆေးဝန်ထမ်းများသာ ထိုးပေးခြင်းဖြစ်ပြီး နောက်တစ်ဆင့်ဖြစ်သည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ယခုလ ၁၂ ရက်မှ စတင်ထိုးနှံပေးမည်ဖြစ်သည်။

“စတုတ္ထကပ်ရောဂါလှိုင်းက ပိုပြီးဆိုးဝါးနိုင်တယ်။ တိုကျိုဒေသမှာ ဘယ်လို ထိမိတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်ရမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားထားဖို့လိုတယ်။ ”International University of Health and Welfare ပြည်သူ့ကျန်းမာရေးပညာရှင် ပါမောက္ခKoji Wada က ဆိုသည်။

တိုကျိုမြို့တွင် ဧပြီ ၅ ရက်က ထပ်တိုးအတည်ပြုလူနာ (၂၄၉)ဦး ရှိပြီး ရက်သတ္တပတ်ကာလ နေ့စဉ်ပျမ်းမျှထပ်တိုးလူနာ (၃၉၁.၉) ဦးရှိရာ ၎င်းမှာ ယခင်အပတ်၏(၁၀၉.၆) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်ယိုရှီဟီဒဲ ဆူဂါက ကပ်ရောဂါ စတုတ္ထလှိုင်းကျရောက်နေခြင်းမဟုတ်ကြောင်း ဧပြီ ၅ ရက်တွင် ငြင်းဆိုခဲ့သည်။ ”လိုအပ်ရင် Osakaစတဲ့နေရာတွေမှာ အဓိကဆောင်ရွက်နေတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို တိုကျိုနဲ့ အခြားဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရလိမ့်မယ်”ဟု လည်း ၎င်းက ဧပြီ ၄ ရက်တွင် ပြောကြားခဲသည့်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tomoyuki Yoshida ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ Tomoyuki Yoshida မတ် ၂၉ ရက်တွင် ကိုယ်ပူဖျားနာခြင်းကြောင့် ဆေးကုသမှုခံယူခဲ့ရာ ဧပြီ ၂ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ခဲ့ပြီး ဧပြီ ၄ ရက်တွင် ကူးစက်ကြောင်း အတည်ပြုခဲ့သည်။

Tomoyuki Yoshidaသည် မတ် ၃၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ထားပြီး သတင်းထောက်များနှင့်လည်း ခပ်လှမ်းလှမ်းတွင်နေခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ လက်ရှိ ၎င်းသည် ဆေးရုံတွင်ဆေးကုသခြင်းမဟုတ်ဘဲ နေအိမ်အတွင်းအနားယူနေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
 
——————————————
(Chinese Version)

变异病毒蔓延 日本担忧第四波疫情

Image Carouse
 新华社北京4月6日电(记者刘秀玲)变异新冠病毒正在日本大阪府及其周边地区加速传播,引发人们对第四波疫情来袭的担忧。
 大阪府3日创下单日新增新冠确诊病例666例的最高纪录,5日新增确诊病例341例,单日新增确诊病例连续7天超过东京。最近一周,大阪府新增确诊病例3860例,比前一周翻了一番,病毒传播速度明显加快。邻近大阪府的奈良县5日新增新冠确诊病例71例,创疫情暴发以来单日新增最高纪录。
 大阪府3月21日至27日抽查的新增病例中,67%感染变异病毒;在邻近的和歌山县,截至3月29日的一周内抽查的新增确诊样本中,64%感染变异病毒。鉴于疫情形势严峻,大阪府取消了东京奥运会火炬传递活动。大阪府及其邻近的兵库县、东北部宫城县5日起实施防疫重点措施,对餐饮店展开巡查,监督通风换气、设置隔板、缩短营业时间等防疫对策的落实情况,为期一个月。
大阪府知事吉村洋文5日说,为避免新冠病例激增导致医疗系统崩溃,大阪府可能在数日内宣布医疗紧急状态。紧急状态下,政府可要求医疗机构确保更多用于收治重症新冠患者的病床。截至4日,大阪府这类病床的使用率为60.3%,逼近宣布医疗紧急状态所要求70%的病床使用率。
 变异新冠病毒传染力更强,而日本疫苗接种推进缓慢,令人担忧第四波疫情来袭。日本疫苗接种对象眼下仅限于医疗工作者,下一阶段将为65岁以上老年人接种,定于本月12日开始。
 日本国际医疗福祉大学医学系公共卫生学教授和田耕治说:“第四波疫情可能更加严重,我们需要考虑如何对东京地区采取针对性措施。”
  东京都5日新增确诊249例,近7天内日均新增确诊391.9例,是之前一周的109.6%。
 首相菅义伟5日否认日本进入第四波疫情。他4日说,如有必要,可以将大阪等地实施的重点防疫举措扩展到东京和其他地区。
 日本外务省5日证实,外务省发言人吉田朋之确诊感染新冠病毒。吉田3月29日发烧就医,4月2日接受新冠病毒核酸检测,4日确诊。
  外务省说,吉田3月31日举行例行记者会期间戴口罩并与记者保持距离。吉田没有住院,正在家中休养。

 这是4月1日在日本东京目黑川附近的赏樱景点拍摄的防疫告示板。新华社记者杜潇逸摄
2月17日,医护人员在日本东京接种疫苗。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.