Connect with us

North America

သမ္မတဘိုင်ဒန်က အမေရိကန်တွင် အရွယ်ရောက်ပြီးသူတိုင်း ဧပြီ ၁၉ ရက်ထက်နောက်မကျဘဲ COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိမည်ဟု ဆို

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က မတ် ၂၅ ရက်တွင် ဝါရှင်တန်ဒီစီမြို့မှ တဆင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က အရွယ်ရောက်ပြီးသော အမေရိကန်နိုင်ငံသားအားလုံး လာမည့် ဧပြီ ၁၉ ရက်ထက် နောက်မကျဘဲ COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိမည်ဖြစ်ကြောင်း ဧပြီ ၆ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ဗာဂျီးနီးယားပြည်နယ် Alexandria မြို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတစ်ခုသို့ သွားရောက်သော ၎င်း၏ ခရီးစဉ်အတွင်း အချိန်ဇယားသစ်ကို ဘိုင်ဒန်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး မူလသတ်မှတ်ထားသော အချိန်ဇယားမှာ မေ ၁ ရက်နေ့ဖြစ်ရာ ယခုအခါ နှစ်ပတ်စော၍ ရှေ့တိုးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်က ၎င်းသမ္မတရာထူးရယူပြီး ပထမ ၇၅ ရက်အတွင် နိုင်ငံတွင် COVID-19 ကာကွယ်ဆေး သန်းပေါင်း ၁၅၀ စာ ထိုးနှံပြီးစီးခဲ့ကြောင်း ၊ ယင်းမှာ ပထမ ရက် ၁၀၀ အတွင်း ကာကွယ်ဆေး သန်း ၂၀၀ အပြီးစီး ထိုးနှံပေးမည့် မူလရည်မှန်းချက်နှင့်အတူ လမ်းကြောင်းပေါ်တွင် ရှိနေခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းက အမေရိကန်နိုင်ငံသားများအနေဖြင့် ကပ်ရောဂါ ဘေးကင်းလုံခြုံရေး အစီအမံများကို ဆက်လက် လိုက်နာကျင့်သုံးရန် တိုက်တွန်းခဲ့ပြီး နိုင်ငံသည် “ ကပ်ရောဂါဘေးကျော်လွန်ပြီးစီးသွားခြင်းမရှိသေးကြောင်း” နှင့် ဇူလိုင် ၄ ရက်မတိုင်မီ အထိ “ ကူးစက်မှုနှင့်သေဆုံးမှု ” မြင့်မားနေနိုင်ကြောင်း သတိပေးခဲ့သည်။

သမ္မတဘိုင်ဒန်သည် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က နိုင်ငံအတွင်းရှိ ပြည်နယ်များ ၊ မျိုးနွယ်စုများ နှင့် နယ်ပယ်ဒေသအားလုံးမှ အရွယ်ရောက်ပြီးသား အမေရိကန်နိုင်ငံသားအားလုံး အနေဖြင့် မေ ၁ ရက်ထက် နောက်မကျဘဲ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။(Xinhua)

———————————————-
(English Version)
Biden says all U.S. adults eligible for COVID-19 vaccine by April 19
WASHINGTON, April 6 (Xinhua) — U.S. President Joe Biden announced Tuesday that all American adults will be eligible for COVID-19 vaccine by April 19.

Biden announced the new timetable after his visit to a vaccination site in Alexandria, Virginia, moving up his original deadline of May 1 by nearly two weeks.
Biden said that 150 million doses of COVID-19 vaccine have been administered within his first 75 days in office, in line with a stated goal of 200 million shots by his 100th day in office.

He urged Americans to continue to practice pandemic safety measures, saying the country is not “at the finish line yet” and may experience more “disease and misery” before July 4.

A few weeks ago, Biden called on states, tribes and territories to make all U.S. adults eligible for vaccination no later than May 1. Enditem

Photo taken in Arlington, Virginia, the United States, on March 25, 2021 shows a screen displaying U.S. President Joe Biden speaking during a press conference in Washington, D.C.,

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.