ဟိုင်နန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းမှ အာကာသစခန်းတည်ဆောက်မှု၏ ပင်မအစိတ်အပိုင်းဖြစ်သည့် “ထျန်းဟော်”အာကာသအခန်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းရောက်အောင် Long March-5B Y2 ဒုံးပျံဖြင့် ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ရာ ဂြိုဟ်ပတ်လမ်းတွင် တရုတ်အာကာသစခန်းတည်ဆောက်ရန်အတွက် ဘက်စုံဆောင်ရွက်ရန် စတင်နိုင်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော တတိယအသုတ် Sinopharm COVID-19 ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ ဧပြီ ၂၈ ရက်တွင် ဆိုက်ရောက်ခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ရင်ဆိုင်ရုန်းကန်နေရချိန်တွင် ကုလသမဂ္ဂအဖွဲ့က အကူအညီများ ပေးနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။