Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး တတိယအသုတ် လက်ခံရရှိ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ Preah Ket Mealea ဆေးရုံ၌ သူနာပြုတစ်ဦးက အားကစားသမားတစ်ဦးအား ၂၀၂၁ခုနှစ်၊ မတ် ၂ ရက်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပေးနေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော တတိယအသုတ် Sinopharm COVID-19 ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ ဧပြီ ၂၈ ရက်တွင် ဆိုက်ရောက်ခဲ့သည်။

“ဒီနေ့မှာ ကာကွယ်ဆေးတွေ ထပ်ပြီးရောက်ရှိလာတာဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား ဖျက်ဆီးပစ်လို့မရနိုင်တဲ့ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် နောက်ထပ် ပြယုဂ်တစ်ခုဖြစ်တယ်’’ ဟု ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်နယ်အတွင်းရေးမှူး Yok Sambath က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကာကွယ်ဆေးများလက်ခံစဉ် မီဒီယာများသို့ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြန့်နှံ့ခဲ့သည့် တတိယအကြိမ်မြောက် COVID-19 ရောဂါ ထူထုအကြား ကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ရန်အတွက် အဆိုပါလှူဒါန်းမှုသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အချိန်ကိုက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ကာကွယ်ဆေးများ ရက်ရက်ရောရောလှူဒါန်းသည့်အတွက် သူ့အနေဖြင့် များစွာကျေးဇူးတင်ရှိကြောင်း ၎င်းက ဆိုသည်။

Sambath ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုထားသော COVAX အစီအစဉ် COVID-19 ကာကွယ်ဆေးပမာဏ ၄သန်းကျော် လက်ခံရရှိခဲ့ကြောင်းဆိုသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအားစတင်ခဲ့ပြီး၊ နိုင်ငံ့လူဦးရေ ၁၆ သန်းအနက် ၁.၃ သန်းခန့်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်ကဆိုသည်။

ဧပြီ ၂၈ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံအတွင်း COVID-19 ထပ်မံကူးစက်ခံရသည် ၆၉၈ ဦးရှိပြီးတစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် စုစုပေါင်းကူးစက်ခံရသူဦးရေ ၁၁,၇၆၁ ဦးရှိပြီး ၈၈ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။လက်ရှိတွင် တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူဦးရေ ၆၉၆၈ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Cambodia receives 3rd batch of China’s Sinopharm COVID-19 vaccine
PHNOM PENH, April 29 (Xinhua) — A plane carrying the third batch of China-donated Sinopharm COVID-19 vaccine arrived in the capital of Cambodia Wednesday night.
“The arrival of the vaccine today is another testament to the unbreakable iron-clad friendship between Cambodia and China,” Cambodia’s Health Ministry secretary of state Yok Sambath told reporters while receiving the vaccine at the Phnom Penh International Airport.
She expressed her profound gratitude to China for generously providing the vaccine to Cambodia, saying that the donation was timely as the Southeast Asian nation has been sparing no effort to contain the third COVID-19 community transmission, which broke out on Feb. 20.
According to Sambath, so far Cambodia had received more than 4 million doses of COVID-19 vaccines from China and the World Health Organization’s COVAX Facility.
The kingdom launched an anti-COVID-19 inoculation drive on Feb 10. To date, some 1.3 million out of the country’s 16 million population had been vaccinated against the virus, a government report said.
The kingdom registered 698 new COVID-19 cases on Wednesday, the highest-ever single-day number of infections, pushing the national tally to 11,761, with 88 fatalities, the Ministry of Health said. Currently, there are 6,968 active cases in the country. Enditem