ဝါရှင်တန်၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch၏ ထရမ့်အစိုးရအပေါ် ဝေဖန်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားပြီးနောက် အမေရိကန် သမ္မတ ထရမ့်က ၎င်းနှင့်နောက်ထပ် အဆက်အဆံလုပ်တော့မည်မဟုတ်ဟု ဇူလိုင် ၈ ရက်က တုံ့ပြန်ပြောဆိုခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၉ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာတွင် ယနေ့ (၁၁)နာရီ (၀၀)မိနစ် (၀၁) စက္ကန်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀,ဝဝဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁,၈၀ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ပလတ်စတစ် ညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် မြန်မာနိုင်ငံ အမျိုး သားအဆင့် စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၃၀ ကို ရေးဆွဲခဲ့ရာ ဧရာဝတီမြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှုများ ဖြေရှင်းရေးစီမံချက်လည်း ပါဝင် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်...
ကာရာကာ့စ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က အစိုးရကိုယ်စားလှယ်အဖွဲ့က ဘာဘေးဒို့စ်နိုင်ငံတွင် အတိုက်အခံအဖွဲ့နှင့် ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်က ကြေညာခဲ့သည်။