Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါ သတင်းစုစည်းချက်) ယူကရိန်းနှင့် မွန်ဂိုလီးယားတွင် တစ်နေ့အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီး ကာဇက်စတန်တွင် ကာကွယ်ဆေးထိုးနှံပေးမည့် ဆောင်ရွက်မှုအပြည့်အစုံထုတ်ပြန်

ကာဇက်စတန်နိုင်ငံတွင် မတ်လ ၁၇ ရက်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေစဉ် (ဆင်ဟွာ)

 

မင့်ခ် ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အာရှ-ဥရောပ ဒေသနိုင်ငံများ၏ COVID-19 ကပ်ရောဂါအခြေအနေက ကွဲပြားပြီး ယူကရိန်း နှင့် မွန်ဂိုလီးယားနိုင်ငံတို့၏ မတ်လ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ COVID-19 ထပ်မံကူးစက်ခံရသူဦးရေ စံချိန်သစ်တင်မြင့်တက်လာခဲ့ကာ ကာဇက်စတန်နိုင်ငံမြို့တော် နှင့် အကြီးဆုံးမြို့တို့တွင် လူထုသို့ COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း အာရှ-ဥရောပဒေသရှိ ဆင်ဟွာသတင်းထောက်များ၏ သတင်းပေးပို့ချက်အရ သိရှိခဲ့ရသည်။

ရုရှားနိုင်ငံကပ်ရောဂါကာကွယ်ရေးညွှန်ကြားမှုဌာန၏ မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉,၁၆၇ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၄,၅၀၁,၈၅၉ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၄၀၅ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၉၇,၀၁၇ ဦးအထိရောက်ရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူ စုစုပေါင်း ၄,၁၂၀,၁၆၁ ဦးရှိကြောင်း သိရှိရသည်။ ရုရှားနိုင်ငံဝန်ကြီးချုပ် Mikhail Mishustin က လတ်တလောရက်ပိုင်းအတွင်း ရုရှားနိုင်ငံပြည်တွင်း၌ ကပ်ရောဂါအခြေအနေပြန်လည်ကောင်းမွန်လာကြောင်းပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လက်ရှိချိန်တွင် နိုင်ငံတကာက “Sputnik V” COVID-19 ရောဂါကာကွယ်ဆေးအား ကြီးမားသည့် လိုအပ်ချက်ရှိနေပြီး ယင်းကာကွယ်ဆေးကို နိုင်ငံပေါင်း ၅၇ နိုင်ငံက အသိအမှတ်ပြုခဲ့ကြကြောင်း ၊ ယင်းကာကွယ်ဆေးကို နိုင်ငံပေါင်း ၂၁ နိုင်ငံက အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ကြပြီး အချို့နိုင်ငံများက အဆိုပါကာကွယ်ဆေးကို နိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြကြောင်း မတ်လ ၂၆ ရက်၌ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၈,၁၃၂ ဦးရှိခဲ့ပြီး ယင်းမှာကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နှစ်ရက်ဆက်တိုက် တစ်နေ့အတွင်း ရောဂါထပ်မံကူးစက်ခံရသူ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ မတ်လ ၂၆ ရက်အချိန်ထိ ယူကရိန်းနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၆၁၄,၇၀၇ ဦးရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်း ၃၁,၄၆၁ ဦးရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁,၂၉၀,၁၅၈ ဦးရှိကြောင်း သိရှိရသည်။

မွန်ဂိုလီးယားနိုင်ငံ အမျိုးသား ကူးစက်ရောဂါ သုတေသနစင်တာ၏ မတ်လ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၄၃၇ ဦးရှိခဲ့ပြီး ယင်းမှာကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၆ ရက်ဆက်တိုက် တစ်နေ့အတွင်းရောဂါထပ်မံကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မွန်ဂိုလီးယားနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၆,၃၃၂ ဦးရှိကာ ရောဂါကြောင့် သေဆုံးခဲ့ရသူ ၉ ဦးရှိပြီး ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၄,၁၅၀ ဦးရှိကြောင်း သိရှိရသည်။ မွန်ဂိုလီးယားနိုင်ငံ အစိုးရ က မတ်လ ၂၅ ရက်၌ လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး မြင့်မားစွာသတိထားရှိသည့် အခြေအနေကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ကာ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရန်အတွက် ဘတ်ဂျက်အား အမေရိကန်ဒေါ်လာ ၂.၀၇ သန်းခန့် တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

ကာဇက်စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၁၀၀ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၃၇,၃၀၀ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ကာဇက်စတန်နိုင်ငံသတင်းမီဒီယာ၏ ဖော်ပြချက်အရ နိုင်ငံမြို့တော် နှင့် အကြီးဆုံးမြို့တို့တွင် လူထုသို့ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံမြို့တော်ရှိ လူများအားလုံး၏ ၆၀ ရာခိုင်နှုန်းကို ယခုနှစ်နှစ်ကုန်ချိန်မတိုင်မီ ကာကွယ်ဆေးထိုးနှံပေးမှုပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဘီလာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၄၂၅ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၃၁၆,၄၁၈ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၂၀၂ ဦးရှိလာခဲ့ပြီး ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၃၀၇,၀၀၄ ဦးရှိကြောင်း သိရှိရသည်။ ဘီလာရုစ်နိုင်ငံသမ္မတ Alexander Lukashenko က မတ်လ ၂၆ ရက်၌ ဘီလာရုစ်နိုင်ငံ ကျန်းမာရေး နှင့် သိပ္ပံအကယ်ဒမီအနေဖြင့် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့၏ အတွေ့အကြုံများကို နမူနာယူ၍ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် နိုင်ငံအတွင်း ကာကွယ်ဆေးထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့သောနိုင်ငံများ၏ မတ်လ ၂၆ ရက် နောက်ဆုံးထုတ်ပြန်ခဲ့သော COVID-19 ရောဂါဆိုင်ရာစာရင်းပြုစုချက်အရ ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ ဂျော်ဂျီယာနိုင်ငံတွင် ၂၇၉,၄၄၆ ဦး ၊ အာမေးနီးယားနိုင်ငံတွင် ၁၈၈,၄၄၆ ဦး ၊ ကာဂျစ္စတန်နိုင်ငံတွင် ၈၇,၈၈၈ ဦး နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ၈၁,၉၆၀ ဦးအသီးသီးဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)
————————————
(Chinese Version)
(国际疫情)综合消息:乌克兰和蒙古国日增新冠病例再创新高 哈萨克斯坦首都推出疫苗接种具体措施
2021-03-26 22:53:21 分类: 医药卫生
  新华社明斯克3月26日电综合新华社驻亚欧地区记者报道:亚欧地区国家新冠疫情走向不一。乌克兰和蒙古国26日报告新增确诊病例数再创新高。哈萨克斯坦首都努尔苏丹和最大城市阿拉木图推出新冠疫苗大规模接种具体措施。
  俄罗斯防疫指挥部26日报告新增确诊病例9167例,累计确诊4501859例;新增死亡405例,累计死亡97017例;累计治愈4120161例。俄总理米舒斯京日前说,俄境内疫情逐步趋稳。俄外交部发言人扎哈罗娃26日说,目前国际上对俄“卫星V”新冠疫苗需求很高,这款疫苗已在57个国家获得认证,有21个国家成功购买该疫苗,还有一些国家准备在本国生产这款疫苗。
  乌克兰卫生部26日报告新增确诊病例18132例,连续第二天创疫情暴发以来单日新增病例数最高纪录。截至当天,该国累计确诊1614707例,累计死亡31461例,累计治愈1290158例。
  蒙古国国家传染病研究中心26日报告新增确诊病例437例,已连续6天创疫情暴发以来单日新增病例数新高。目前,蒙古国累计确诊6332例,累计死亡9例,累计治愈4150例。蒙古国政府25日晚召开非例行会议,决定将高度警戒状态延长至4月30日,额外增加59亿图格里克(约合207万美元)的财政预算用于疫苗接种等。
  哈萨克斯坦卫生部26日报告新增确诊病例1100例,累计确诊237300例。据哈通社当天消息,首都努尔苏丹和最大城市阿拉木图推出新冠疫苗大规模接种具体措施。努尔苏丹计划今年年底前为全市60%的人口完成接种。
  白俄罗斯卫生部26日报告新增确诊病例1425例,累计确诊316418例;累计死亡2202例;累计治愈307004例。白俄罗斯总统卢卡申科26日说,白卫生部与科学院要借鉴中国和俄罗斯等国的经验加紧研制新冠疫苗,争取在明年生产本国研发的疫苗。
  还有一些国家26日更新了累计确诊新冠病例数据:格鲁吉亚279446例,亚美尼亚188446例,吉尔吉斯斯坦87858例,乌兹别克斯坦81960例。(执笔记者:魏忠杰;参与记者:李东旭、张继业、阿斯钢、李铭、关建武、蔡国栋)(完)

Photo
3月17日,一名哈萨克斯坦警察在首都努尔苏丹的医院里接种新冠疫苗。
新华社发(奥斯潘诺夫摄)