Connect with us

WORLD

ချက်သမ္မတနိုင်ငံသည် အရေးပေါ်အခြေအနေအား ဧပြီ ၁၁ ရက်အထိတိုးမြှင့်

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ တွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် lockdown ချထားသည့်အတွက် မြို့ဟောင်းရင်ပြင်အနီးတွင် လူမရှိသလောက် ကျဲပါးနေမှုအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပရက်ဂ်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ၏ အောက်လွှတ်တော်သည် နိုင်ငံ၏ အရေးပေါ်အခြေအနေအား ဧပြီ ၁၁ ရက် အထိ ရက်တိုးမြှင့်ရန် မတ် ၂၆ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် ဧပြီ ၂၇ ရက်အထိ ရက်တိုးမြှင့်ရန် အောက်လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ထိုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ရက်တိုးမြှင့်ခြင်းမပြုလုပ်ပါက နိုင်ငံ၏ အရေးပေါ်အခြေအနေမှာ မတ် ၂၈ ရက်တွင် သက်တမ်းကုန်မည်ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ပြည်သူများ၏ လှုပ်ရှားသွားလာမှုဆိုင်ရာ ကန့်သတ်ရေး ဆောင်ရွက်ချက်များအပါအဝင် အစိုးရ၏ COVID-19 ဆိုင်ရာ ကန့်သတ်ချက် အများစုအား ဆက်လက်ဆောင်ရွက်ရန် အရေးပေါ်အခြေအနေအား လိုအပ်ကြောင်း သိရသည်။
အောက်လွှတ်တော်သည် COVID-19 ဆိုင်ရာကန့်သတ်ချက်များနှင့် ပတ်သက်၍ အခြားဆုံးဖြတ်ချက်များကိုလည်း အတည်ပြုခဲ့သည်။ ဥပမာအားဖြင့် အီစတာပွဲတော်ကျင်းပပြီးနောက် ခရိုင်များအား အသွားအလာ ကန့်သတ်ခြင်းကို ဧပြီ ၆ ရက်ထက် နောက်မကျပဲ ချက်ချင်းရပ်တန့်ရန် အစိုးရသို့တောင်းဆိုခဲ့သည်။

တချိန်တည်းမှာပင် ကလေးများအနေဖြင့် သူငယ်တန်းနှင့် မူလတန်းကျောင်းများအား အီစတာပွဲတော်ပိတ်ရက်အပြီး ရက်သတ္တပတ် တစ်ပတ်အကြာ ဧပြီ ၁၂ ရက်ထက် နောက်မကျစေဘဲ ပြန်လည်တက်ရောက်နိုင်ရန် အောက်လွှတ်တော်က ပြောကြားထားကြောင်း သိရသည်။ (Xinhua)
——————————
(English Version)

Czech Republic extends state of emergency till April 11
PRAGUE, March 26 (Xinhua) — The Czech Republic’s Chamber of Deputies on Friday approved the extension of the country’s state of emergency till April 11.
The government had submitted a request to the lower house to extend it till April 27, but a compromise was struck.
Without the prolongation, the current state of national emergency would have expired on March 28.
The state of emergency is needed for most of the government’s coronavirus restrictions to stay in force, mainly the measures restricting people’s movement.
The lower house also passed some other resolutions concerning COVID-19 restrictions. For example, it asked the government to end the closure of the districts no later than April 6, immediately after Easter.
In the meantime, the members of the lower house wanted to see children return to kindergartens and primary schools no later than April 12, a week after the Easter holidays. Enditem
Photo- The Old Town Square is nearly empty amid a lockdown to curb the spread of COVID-19 in Prague, the Czech Republic, Oct. 22, 2020(Photo by Dana Kesnerova/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.