Connect with us

WORLD

ဖိလစ်ပိုင်တွင် နေ့စဉ်ရောဂါဖြစ်ပွားမှု စံချိန်သစ်တင်ခဲ့ပြီး အာရှ-ပစိဖိတ်နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှုလှိုင်းအသစ် ကြုံတွေ့နေရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် ကပ်ရောဂါစတင်ဖြစ်ပွားစဉ်မှစ၍ အမြင့်ဆုံးစံချိန်အဖြစ် နေ့စဉ်ရောဂါကူးစက်မှု အရေအတွက် ၉,၈၃၈ ခုကို မတ် ၂၆ ရက်က ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှုလှိုင်းအသစ်ကို ကြုံတွေ့နေရကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၁၃,၁၄၉ ဦး အပါအဝင် ရောဂါကူးစက်မှု စုစုပေါင်း ၇၀၂,၈၅၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း အမြင့်ဆုံးစံချိန်အဖြစ် COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၅၉,၁၁၈ ခုရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၁,၈၄၆,၆၅၂ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ထို့ပြင် မတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ သေဆုံးသူ ၂၅၇ ဦးရှိခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၆၀,၉၄၉ ဦးရှိပြီဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ Sinovac Biotech ဆေးဝါးကုမ္ပဏီမှ ဝယ်သူထားသော COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာခဲ့ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ၎င်း၏ နိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံပေးနိုင်တော့မည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ပြည်တွင်းကူးစက်မှုအသစ် ၉၆ ဦးရှိပြီး တစ်ဦးသေဆုံးမှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

မလေးရှားနိုင်ငံတွင်လည်း COVID-19 ရောဂါကူးစက်မှုအသစ် ၁,၂၇၅ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၃၃၉,၄၄၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အစိုးရကမူ COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုနှစ် Eid-al-Fitr အားလပ်ရက်များအတွက် ပြည်သူများအား နေရပ်ပြန်ခြင်းကို ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးက ပြောခဲ့သည်။

နီပေါနိုင်ငံ အစိုးရအနေဖြင့် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း (quarantine) လုပ်ဆောင်ရမည့် လိုအပ်ချက်ကို ဖယ်ရှားပေးခဲ့ကြောင်း ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနက ဆိုသည်။

ဩစတြေးလျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ထောက်ပံ့ငွေစီမံချက် ပြီးဆုံးသည့်အခါ အလုပ်အကိုင်များ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ကျယ်ပြန့်လာသည့်ကြားမှ စီးပွားရေးနှိုးဆွရန် ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ခဲ့သော JobKeeper စီမံချက်သည် မတ် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူအသစ် ၁၃၄ ဦးအပါအဝင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၈,၅၇၇ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲမှုစင်တာ (CCSA) အရ သိရသည်။ ရောဂါကူးစက်မှုအသစ်တွင် ၁၂၈ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး အခြားသူ ၆ ဦးမှာမူ ပြည်ပကူးစက်မှုဖြစ်ကြောင်း CCSA က ဆိုသည်။

နယူးဇီလန်နိုင်ငံ၌မူ သီးသန့်ခွဲခြားနေထိုင်သူများထဲမှ COVID-19 ရောဂါ ဖြစ်ပွားသူ ၃ ဦးကို တွေ့ရှိခဲ့ပြီး လူထုအတွင်း ရောဂါကူးစက်မှုအသစ်မရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူဦးရေ ၄၉၄ ဦးရှိပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၀၀,၇၇၀ ဦးရှိလာကြောင်း၊ နေ့စဉ် ရောဂါကူးစက်မှုမှာ ယခင်နေ့ ၄၃၀ ဦးမှ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး သုံးရက်ဆက်တိုက် အရေအတွက် ၄၀၀ အထက်ရှိနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)

Asia-Pacific countries see new wave of COVID-19 outbreak as Philippines records highest daily spike
Source: Xinhua| 2021-03-26 20:05:15|Editor: huaxia
HONG KONG, March 26 (Xinhua) — Asia-Pacific countries including the Philippines and India have seen a new wave of COVID-19 outbreak, as the former recorded the highest daily spike of 9,838 cases on Friday since the outbreak began last year.
The record daily increase pushed the nationwide count in the Southeast Asian country to 702,856, including 13,149 deaths after 54 more patients died from the viral disease, the DOH daily bulletin showed.
India’s COVID-19 tally reached 11,846,652 as 59,118 new cases were reported across the country, the highest number this year so far, according to the latest figures released by the federal health ministry. Besides, 257 deaths since Thursday morning were registered, taking the death toll to 160,949.
A new batch of COVID-19 vaccines Cambodia purchased from China’s pharmaceutical company Sinovac Biotech arrived, giving the country a greater possibility to vaccinate its citizens against the virus.
Cambodia reported 96 new local COVID-19 cases and one more death, the country’s Ministry of Health (MoH) said in a statement.
Malaysia reported 1,275 new COVID-19 infections, bringing the national total to 339,443, the Health Ministry said.
The Indonesian government has decided not to allow people to go back home during the Eid-al-Fitr holidays this year as the COVID-19 pandemic still drags on, a minister said.
The Nepali government has removed the requirement for foreign tourists to stay in quarantine provided they have got full doses of a COVID-19 vaccine, Nepal’s Ministry of Culture, Tourism and Civil Aviation said.
Australia’s Treasurer has declared that the government will continue to support jobs when the coronavirus wage subsidy scheme ends. The JobKeeper scheme, which was introduced in March, 2020 to stimulate the economy amid widespread coronavirus restrictions, will end on Sunday.
Thailand reported 134 new COVID-19 cases, taking the total caseload to 28,577, according to the Center for COVID-19 Situation Administration (CCSA). Of the new cases, 128 were domestic infections while six others were imported cases, according to the CCSA.
New Zealand reported three cases of COVID-19 in managed isolation and no new community cases.
South Korea reported 494 more cases of COVID-19, raising the total number of infections to 100,770. The daily caseload was up from 430 the previous day, staying above 400 for three straight days. Enditem
People wearing masks walk on a street in Kuala Lumpur, Malaysia, on Aug. 14, 2020. (Photo by Chong Voon Chung/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.