ပေကျင်း ၊ မတ် ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ လေကြောင်းကုန်တင် ဦးဆောင်ကုမ္ပဏီဖြစ်သည့် SF လေကြောင်းလိုင်းများက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ချိတ်ဆက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း လေကြောင်းလိုင်းက ယနေ့ ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူထားသော CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၃၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
နီယာမီ၊ မတ် ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျာနိုင်ငံ ဝန်ကြီးချုပ် Brigi Rafini သည် Niamey General Referral ဆေးရုံတွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများနှင့် နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား ဆောင်ရွက်မည်ဖြစ်ကြောင်း မတ်၂၉ ရက်တွင်တရားဝင်ကြေညာခဲ့သည်။
မွန်တီဗစ်ဒီအိုမြို့ ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဥရုဂွေးနိုင်ငံ သမ္မတ Luis Lacalle Pou သည် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinovac မှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေးဖြင့် မတ် ၂၉ ရက်တွင် ပထမအကြိမ် ထိုးနှံမှု...