ချင်းဟိုင်၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဂိုလော့တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် ပြီးခဲ့သည့်စနေနေ့က အင်အားရစ်ချ်တာစကေး ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။ အဆိုပါဒေသတွင် ငလျင်ဘေးသင့်ကလေးငယ်များအတွက် ကယ်ဆယ်ရေးသမားများက စားနပ်ရိက္ခာများဝေငှပေးခဲ့သည့်ရုပ်သံဖိုင်အားတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua) ………………… GLOBALink | Rescuers share food with...
နယူးဒေလီ၊ မေ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် မေ ၂၄ ရက်အထိ ကိုဗစ်သေဆုံးလူနာ စုစုပေါင်း (၃၀၃,၇၂၀)ဦး အထိရှိလာရာ အမေရိကန်၊ ဘရာဇီးပြီးလျှင် ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာ(၃)သိန်းကျော်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။
ဝါရှင်တန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတွင် တိုကျိုအိုလံပစ် စတင်ရန် နှစ်လခန့်အလိုတွင် COVID-19 ရောဂါဖြစ်ပွားမှု အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံသားများအား ဂျပန်နိုင်ငံသို့ ခရီးသွားလာခြင်းမပြုရန် မေ ၂၄ ရက်က အကြံပြုထားကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ဇွန်လတွင် ဂျီနီဗာမြို့၌ ထိပ်သီးအစည်းအဝေး ပြုလုပ်ဖွယ်ရှိကြောင်း အမေရိကန် သတင်းမီဒီယာက မေ ၂၄ ရက်၌ ဖော်ပြခဲ့သည်။
ပေကျင်း ၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ပြောကြားချက်အရ ဧပြီလကုန်ပိုင်းအချိန်ထိ တရုတ်နိုင်ငံ အခြေခံဆက်သွယ်ရေး ကုမ္ပဏီ ၃ ခု၏ မိုဘိုင်းဖုန်း အသုံးပြုသည့် လူဦးရေမှာ စုစုပေါင်း ၁.၆၀၅ ဘီလီယံအထိရောက်ရှိလာခဲ့ပြီး 5G ဖုန်းဖြင့် ချိတ်ဆက်အသုံးသူဦးရေမှာ...