ဘိုးအောက်၊ ဟိုင်းနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ကျင်းပခဲ့ရာ COVID-19 တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ခိုင်မာရေး တည်ဆောက်ရန် သဘောတူညီချက်နှင့်အတူ ဧပြီ ၂၁ ရက်၌ ပြီးဆုံးခဲ့ကြောင်း...
ကူမင်း၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဧပြီ ၂၁ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း ပြည်ပကူးစက်မှု ကိုဗစ်လူနာသစ် (၁)ဦး ထပ်တိုးခဲ့ရာ ၎င်းမှာ မြန်မာနိုင်ငံမှလာသည့် တရုတ်နိုင်ငံသားဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေး ကော်မရှင်က ဧပြီ ၂၂...
ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ ကျော်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC) အရ သိရသည်။
ပေကျင်း ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 လူနာအရေအတွက် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ပြည်ပမှ ဝင်ရောက်လာသူများမှတစ်ဆင့် COVID-19 ရောဂါပြန့်နှံ့ခြင်းကို ထိန်းချုပ်ရန် စဉ်ဆက်မပြတ် အားထုတ်ကြရန် တရုတ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၂၂ ရက်(ဆင်ဟွာ) သင်္ဘောသား ၅၃ ဦး လိုက်ပါသွားသည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စင်းသည် ဘာလီကျွန်း ပင်လယ်ပြင်တွင် လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ရေတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း အင်ဒိုနီးရှားရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းမီဒီယာသို့ ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။