Connect with us

CHINA

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဧပြီ ၂၁ ရက်က ပြည်ပကူးစက်မှု ကိုဗစ်လူနာသစ် (၁) ဦး ထပ်တိုး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် nucleic acid ဆေးစစ်မှုခံယူရန် တန်းစီစောင့်ဆိုင်းနေသော မြို့နေပြည်သူများအား ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဧပြီ ၂၁ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း ပြည်ပကူးစက်မှု ကိုဗစ်လူနာသစ် (၁)ဦး ထပ်တိုးခဲ့ရာ ၎င်းမှာ မြန်မာနိုင်ငံမှလာသည့် တရုတ်နိုင်ငံသားဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေး ကော်မရှင်က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၅ ဦး (ပြည်ပကူးစက်မှု ၁ ဦး ၊ ပြည်တွင်းကူးစက်မှု ၄ ဦး)ရှိသည်။

မနေ့က ထပ်တိုးသည့် အဆိုပါလူနာသည် ယခုကာလများတွင် မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သူ ဖြစ်ပြီး ဧပြီ ၁၉ ရက်က ရွှေလီနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူဖြစ်သည်။ စီမံခန့်ခွဲမှုများအရ သတ်မှတ်ထားသည့် ကွာရန်တင်းစင်တာသို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၀ ရက် nucleic acid ဆေးစစ်မှုတွင် positiveဖြစ်ခြင်းကြောင့် လူနာတင်ယာဉ်ဖြင့် သတ်မှတ်ထားသော ဆေးကုသမှုနေရာကို ပို့ဆောင်ပေးခဲ့သည်။

ဧပြီ ၂၁ ရက် ၂၄ နာရီအထိ ၊ ယူနန်ပြည်နယ်တွင် အတည်ပြုလူနာ ၆၃ ဦး (ပြည်ပကူးစက်မှု ၆ ဦး၊ ပြည်တွင်းကူးစက်မှု ၅၇ ဦး)၊ လက္ခဏာမပြ ရောဂါကူးစက်သူ ၁၃ ဦး (ပြည်တွင်းကူးစက်မှုများဖြစ်) ရှိရာ အားလုံးကို သတ်မှတ်ထားသည့် သီးခြားခွဲထားဆေးကုပေးကာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
————————————————–
(Chinese Version)

(聚焦疫情防控)4月21日云南新增境外输入新冠肺炎确诊病例1例

新华社昆明4月22日电(记者 姚兵)云南省卫生健康委员会4月22日通报,21日0时至24时,云南新增境外输入新冠肺炎确诊病例1例,中国籍,缅甸输入。确诊病例治愈出院5例(境外输入1例,本土4例)。
 据通报,患者近期居住在缅甸,4月19日自瑞丽市陆路口岸入境,即按闭环管理要求转送至指定集中隔离点隔离观察。4月20日新冠病毒核酸检测阳性,即用负压救护车转送至定点医疗机构隔离治疗。结合流行病学史、临床表现和实验室检测结果,诊断为新冠肺炎确诊病例(普通型,缅甸输入)。
 截至4月21日24时,云南省现有确诊病例63例(境外输入6例,本土57例),无症状感染者13例(均为本土),均在定点医疗机构隔离治疗和医学观察。(完)

新华社照片,瑞丽(云南),2021年4月6日
云南瑞丽市区开展第二轮全员核酸检测
4月6日,在瑞丽市目瑙社区一核酸检测点,当地居民通过设置的通道排队采样。