Connect with us

CHINA

တရုတ်ကျန်းမာရေးတာဝန်ရှိသူက COVID-19 ရောဂါပြည်ပမှ ဝင်ရောက်လာခြင်းကို ကြိုတင်ကာကွယ်တားဆီးရန် အလေးပေးပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်တွင်းခရီးသွား တစ်ဦးထံမှ အချက်အလက်များအား တာဝန်ရှိသူများက မေးမြန်းရယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်း COVID-19 လူနာအရေအတွက် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ပြည်ပမှ ဝင်ရောက်လာသူများမှတစ်ဆင့် COVID-19 ရောဂါပြန့်နှံ့ခြင်းကို ထိန်းချုပ်ရန် စဉ်ဆက်မပြတ် အားထုတ်ကြရန် တရုတ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

COVID-19 ရောဂါ အသစ်ထပ်မံဖြစ်ပွားမှုများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၈ ပတ်ဆက်တိုက် တိုးလာခဲ့ပြီး ပြီးခဲ့သောသီတင်းပတ်တွင် လူနာသစ် ၅ ဒသမ ၂၆ သန်း ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောခွင့်ရ ပုဂ္ဂိုလ် Mi Feng က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းအား အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုခဲ့ပြီး ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအနေဖြင့် ကာကွယ်မှုများကို အလေးထားဆောင်ရွက်ကြရန် အများပြည်သူများကို တိုက်တွန်း တောင်းဆိုခဲ့သည်။တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၂၀၀ ကျော်အား နိုင်ငံအနှံ့ ထိုးနှံထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)
Chinese health official stresses preventing COVID-19 import
BEIJING, April 21 (Xinhua) — A Chinese health official Wednesday called for continuous efforts to curb the spread of COVID-19 through imported cases as the number of patients around the globe keeps rising.
The newly added COVID-19 cases worldwide have been on the upswing for eight consecutive weeks and 5.26 million new cases were reported last week, Mi Feng, a spokesperson for the National Health Commission, told a press conference.
Mi also vowed to step up COVID-19 vaccinations in China and called on the public to strengthen individual protection against the virus.
China has seen over 200 million COVID-19 vaccine doses administered nationwide. ■