ရာမလာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းရှိ West Bank အနောက်ဘက်ကမ်း နယ်မြေ Nablus မြို့မှ မိသားစုဝင် ၃၂ ဦးပါဝင်သော မိသားစုတစ်ခုသည် ကရာတေး လေ့ကျင့်မှုတွင် အကြီးဆုံးမိသားစုအဖြစ် အတည်ပြုနိုင်ရန် ရည်ရွယ်လျက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအတွက် လျှောက်ထားမှု ပြီးစီးခဲ့ကြောင်း သိရသည်။
လာဆာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော Norbulingka ကို ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လေဆိပ်သစ်သုံးခုတည်ဆောက်သွားမည် ဖြစ်ပြီး ဒေသ၏ ပြီးပြည့်စုံသောသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန(CAAC)ထံမှ သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် COVID-19 လူနာများအတွက် အောက်စီဂျင်ဆလင်ဒါအိုးများ ပြင်ဆင်နေပြီး Quarantine စင်တာများ တည်ဆောက်လျက် ရှိကြောင်း သိရသည်။